ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်း
အကောင်းဆုံးအခြေအနေမှာ
ရှိနေမည့် အရာတွေကို စိတ်ကူးပုံဖော်ကြည့်။
ကျန်းမာကြံ့ခိုင်မှု၊
အသိပညာ၊ အတတ်ပညာ၊
အချစ်ရေးနဲ့ မိသားစုပုံစံ၊
ငွေကြေးကြွယ်ဝမှုနဲ့ လွတ်လပ်မှု၊
အတွေ့အကြုံ၊
အသိုင်းအဝိုင်း၊
ရှင်သန်ချင်တဲ့ ဘဝနေထိုင်မှုပုံစံ
ကိုယ်လိုချင်တဲ့ ပုံစံမျိုးဆို
ဘယ်လိုဖြစ်နေမလဲ။
ဒီလို တဖြည်းဖြည်းဖြစ်လာဖို့
ဘာတွေ ပြင်ဆင်နေပြီလဲ။
ဒီနေ့ကို ငြိမ်းချမ်းပျော်ရွှင်စွာ
အထာကျကျဖြတ်သန်းရင်း
အနာဂတ်ကို ရင်ခုန်နေတဲ့ဘဝ
ဖြစ်တာ ကောင်းတဲ့အချက်ပဲ။
Phyo Paing @ Derek