Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။

High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်က ဒီ Skill ပေါ်မူတည်ပြီး ကိုယ်ပေးနေတဲ့ service ကို စနစ်ချတာပဲဖြစ်တယ်။ ဥပမာ ကိုယ်က Digital Marketing ကျွမ်းကျင်တယ်ဆိုပါတော့ ဒီပေးနေကျ service ကို စနစ်ချဖို့ P လေးလုံး စဥ်းစားရပြီ။ Policy, Procedure, Process and Practice ပေါ့။ ဒီပေါ်မူတည်ပြီး ကိုယ့်အနေနဲ့ operation ထဲဝင်ပါမှု နည်းတဲ့ စီးပွားရေးကို တည်ဆောက်လို့ရပါတယ်။ ဒီကမှ ဝန်ထမ်းတွေကို manage လုပ်၊ နောက် product အသစ်တွေတည်ဆောက်။ နောက်ရလာတဲ့ ဝင်ငွေကို သေချာစီမံခန့်ခွဲမှုပြန်လုပ်။ ဒီကမှ Financial Freedom ဆိုတာဖြစ်လာမယ်လို့ယူဆတယ်။ ဒါဒီနေ့ခေတ် ဥာဏလုပ်သားတွေ သွားနေတဲ့ model ပဲ။

Phyo Paing @ Derek

Share Your Idea!​