ပြဿနာအကုန်လုံးရဲ့
အရင်းအမြစ်က
မှန်ကန်တဲ့အမြင်မရှိလို့။
သမ္မာဒိဋ္ဌိ မရှိလို့။
ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲ
နိဗ္ဗာန်ရောက်ဖို့
ပထမဆုံးတစ်ပါး
သမ္မာဒိဋ္ဌိရှိဖို့ဟောကြားခဲ့တယ်။
လောကီမှာလဲအလားတူပဲ
ပြဿနာအရင်းခံက
အရှိကိုအရှိအတိုင်း
အမှန်မမြင်နိုင်တာ။
အမှန်မမြင်ရင် နားမလည်နိုင်ဘူး။
နားမလည်ရင် မှားမယ်။
အမှန်မြင်ဖို့ ပညာဆိုတာသင်တယ်။
ပညာတကယ်သင်လို့တတ်ရင် မြင်မယ်။
တကယ်မြင်ရင် တကယ်ပြင်မယ်။
ဒါကြောင့် “သင်”၊ “မြင်”၊ “ပြင်” လို့ခေါ်တယ်။
ဘဝမှာဒီလိုကြုံဖူးလားမသိဘူး။
အရင်ကမသိခဲ့တဲ့အရာတစ်ခုက
ဝုန်းကနဲ အလင်းပွင်းသွားတာမျိုး။
ဒါက “မြင်” သွားတာ။
မြင်မှ ပြင်တယ်။
မှန်ကန်တဲ့အမြင်ရှိဖို့
ပညာသင်ကြတယ်။
Phyo Paing @ Derek