Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။

ဝန်ထမ်း ဘယ်နှစ်ယောက်ရှိသလဲ ?
ရုံးခန်း ဘယ်လောက်ကျယ်သလဲ ?
လူတွေ အထင်ကြီးအောင်
ဘယ်လောက်လုပ်နိုင်သလဲ ?

တခါတလေကျရင် လူအများစု
ယုံကြည်ထားတဲ့
ယူဆချက်အမှားတွေကြောင့်
တချို့လူတွေ လမ်းလွဲသွားတတ်ကြတယ်။

အောင်မြင်မှုတစ်ခုကို တိုင်းတာတဲ့အခါ
ဝန်ထမ်းများမှ၊ ရုံးခန်းကြီးမှ၊
ဆိုင်ခွဲတွေ အများကြီးရှိမှ၊
လူရှိန်အောင် Billboard တွေထောင်မှ
necktie တွေ၊ suit တွေနဲ့မှ
အောင်မြင်မှုလို့ သတ်မှတ်တတ်ကြတယ်။

ဒီ society က သတ်မှတ်ထားတဲ့
အယူအဆမှားတွေနဲ့ အထင်မြင်မှားတွေကို
မေးခွန်းထုတ်ဖို့လိုတယ်။

ပတ်ဝန်းကျင်က သတ်မှတ်ချက်အမှားတွေက
ကျွန်တော်တို့နှလုံးသားထဲက သွားချင်တဲ့
လမ်းကြောင်းတွေကို လမ်းလွဲစေနိုင်တယ်။

ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက်
မေးခွန်းကောင်းတွေ လိုတယ်။

ကိုယ့်အလုပ်က လူတွေရဲ့ဘဝကို
ဘယ်လောက် ကောင်းမွန်တဲ့ သက်ရောက်မှု
ရှိစေမလဲ ?

လူတွေရဲ့ ဘဝ ပိုကောင်း၊ ပိုလှ၊ ပိုပျော်အောင်
ဘာတွေလုပ်ပေးရမလဲ ?

လူတွေလုပ်နေကျ ဘယ်အမှားတွေကို
မှန်အောင် လုပ်ပေးမလဲ?

ကိုယ် ဒီနေ့ လုပ်လိုက်တဲ့အလုပ်က
ကိုယ့်ဘဝ တစ်လျှောက်လုံးနဲ့
ကိုယ်မရှိတော့တဲ့အခါ နောက်လူတွေကို
အကျိုးပြုနေအောင် ဘာတွေလုပ်မလဲ ?

အဆိုးဆုံး အခြေအနေရောက်သွားတောင်
ကိုယ့်ဖန်တီးမှုတွေ ဆက်လက်ရှင်သန်နေအောင်
ဘယ်လို စီမံထားမလဲ ?

ဒီမေးခွန်းတချို့က သင်ဘယ်လောက်လူရှိန်အောင်
လုပ်နိုင်လဲဆိုတဲ့ မေးခွန်းထက်
အနှစ်သာရပိုရှိတယ်လို့ ခံစားရတယ်။

ကောင်းမွန်တဲ့အပြောင်းအလဲ တစ်ခုဖန်တီးတဲ့အခါ
လူရှိန်အောင်လုပ်ဖို့ အချိန်ကုန်မခံပါနဲ့။

AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Share Your Idea!​