ကိုယ်သာ သားလေးရှိရင်
ယောကျာ်းဆိုတာ
အချစ်ကို ကိုးကွယ်ရမှာမဟုတ်ဘူး။
အချစ်က ကိုယ့်ကွယ်အောင်လုပ်ရမှာ။
ဒီအတွက်
ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။
ဒီလိုဖြစ်ဖို့ Superior Man
တန်ဖိုးရှိတဲ့ ယောကျာ်းဖြစ်ဖို့လိုတယ်။
တန်ဖိုးရှိတဲ့ ယောကျာ်းတွေက
အတင်းမပြောဘူး။
စောင်းပြော၊ မြောင်းပြောမလုပ်ဘူး။
ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရတယ်။
အလုပ်ကိုသေချာလုပ်တယ်။
မပျင်းဘူး။
ကိုယ့်တာဝန်ကိုယ်ကျေတယ်။
ပြဿနာကို ခံစားချက်တွေနဲ့
ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်မတင်နေဘူး။
ပြဿနာကို အဖြေရှာတယ်။
အနိုင်ယူဖို့ထက်
ပြေလည်ဖို့ အသားပေးတယ်။
အလုပ်အတွက် စည်းကမ်းရှိတယ်။
ကိုယ့်မိဘ၊ သားသမီးနဲ့ အိမ်အတွက်
တာဝန်ယူတယ်။
ရည်မှန်းချက်ရှိတယ်။
အားကိုးလို့ရတယ်။
သူ့ဟာနဲ့သူ လိင်ပိုင်းဆိုင်ရာ
sexual preference က ဘယ်လိုဖြစ်ဖြစ်
ဒါက ခံယူချက်နဲ့ ဆိုင်တယ်လို့ထင်တယ်။
ဒါကတော့ တန်ဖိုးရှိတဲ့ယောကျာ်းလို့ထင်တယ်။
ဒီနေ့ခေတ် တန်ဖိုးထားမှုတွေ
ပြောင်းသွားပြီလားတော့သေချာမသိဘူး။
Phyo Paing @ Derek