ကိုယ့်ကိုကိုယ် challenge လုပ်လာတာ
ရက်ပေါင်း ၃၀၀ ရှိပြီ။
၁ နှစ်၊ ၂ နှစ်လောက်တော့
ခေါင်းထဲထည့်မထားဘူး။
လာမည့် ငါးနှစ်၊ ဆယ်နှစ်
သည်းခံရအုံးမှာ နားလည်တယ်။
ဒူပေဒါပေခံအောင်လည်း
လေ့ကျင့်ထားတယ်။
2040, 2050 ကိုယ်မသေသေးရင်
ကိုယ်ဖန်တီးနေတဲ့ စမ်းသပ်မှုတွေရဲ့
ဆုံမှတ်တစ်ခုဖြစ်လာမယ်။ 
စိတ်မပါတဲ့ ပညာရပ်တောင်
ခြောက်နှစ်လောက်သည်းခံ
လေ့လာလာခဲ့တာ။
သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။
Phyo Paing @ Derek