ဘဝအပြောင်းအလဲဆိုတာ
motivational speaker ပြောတာနားထောင်
Comfort zone ထဲကထွက်မယ်ဆိုပြီး
ရေကူးမသင်ပဲ ရေထဲခုန်ချ
ရေနစ်သေသွားတာမျိုးမဟုတ်ဘူး။
ဘဝအပြောင်းအလဲဆိုတာ
ကိုယ်သွားမည့် “ရည်မှန်းချက်ပန်းတိုင်”ကို
သေချာသတ်မှတ်ပြီးရင်
“နေ့စဥ်ရဲ့ စွမ်းပကား” ကို အသုံးပြု
“သင်ယူမှု”နဲ့ “ကြိုးစားအားထုတ်မှု”
ဒီနှစ်ခုနဲ့ ရှေ့ဆက်ရတာမျိုး။
နေ့စဥ်လုပ်နေတဲ့အရာတွေက
ကျွန်တော်တို့ ဘယ်လိုလူဖြစ်လာမယ်ဆိုတာ
သတ်မှတ်ပေးတဲ့ အုပ်မြစ်လေးတွေပဲ။
ကိုယ်နေ့စဥ်လုပ်နေတဲ့အလုပ်နဲ့
ရောက်ချင်တဲ့ ပန်းတိုင်နဲ့က
လမ်းတည့်ရဲ့လား ပြန်ပြန်မေးကြည့်ဖို့
လိုအပ်တဲ့အချိန်တွေ လူတိုင်းမှာ
ရှိတတ်ကြတယ်။
Phyo Paing @ Derek