Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

စိတ်ရှည်ဇွဲသန် သည်းညည်းခံ
ပြုရန် သာသနာဆိုပြီး
ငယ်ငယ်ရှင်ပြုတုန်းက
တွေ့လိုက်တယ်။

ဒီအချက်ကို ငါဘယ်နေရာမှာ
သုံးနိုင်မလဲ စဥ်းစားကြည့်တယ်။

ဗုဒ္ဓသာသနာကို နှစ်ပေါင်း
၂၅၀၀ တိုင်အောင် တည်တံ့အောင်
လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်
ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။

အာသောကမင်းလက်ထက်မှာ
တတိယသင်္ဂါယနာ တင်တယ်။
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့က
ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကို
ဥပသမ္ပဒကံဆောင်နိုင်စေရန်
ခေါင်းဆောင်တစ်ပါးနှင့်
သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။

ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။
စိတ်ရှည်ရတယ်။​
ဇွဲသန်ရတယ်။​
သည်းငြင်းခံရတယ်။
စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့
မသိချင်ယောင်ဆောင်
သည်းခံရတဲ့ အချိန်တွေ
ရှိကောင်းရှိနိုင်တယ်။​

ကျွန်တော်တို့က တချို့ကိစ္စတွေကို
ခွင့်လွတ်လို့ရတယ်။
မေ့လိုက်လို့မရဘူး။
ဒါကနေ သင်ခန်းစာယူပြီး
ရှေ့ဆက်ဖို့လိုတယ်။

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

Phyo Paing @ Derek

Share Your Idea!​