ကိုယ့်ရဲ့ post လေး လူနှစ်သန်း၊
သုံးသန်းလောက် တွေ့ရဖို့
$ ထောင် ဂဏန်း boost နေရချိန်မှာ
တချို့တွေက free ရနေတယ်။
ဘာကွာသွားသလဲ?
အနာဂတ်အတွက် ပြင်ဆင်မှုကွာသွားတယ်။
မားကတ်တင်းသမားတွေ
စဥ်းစားတဲ့ ပုံစံက
$1 ထည့်လိုက်တိုင်း
ဝင်ငွေ ဘယ်လောက်ပြန်ရှာပေးမလဲ။
$ ထည့်စရာမလိုပဲ
ဘယ်လို မားကတ်တင်းလုပ်မလဲ။
ပထမတစ်ခု အမေးများတာက
paid ad နဲ့သွားတဲ့ marketer တွေ။
ဒုတိယတစ်ခုက အမှတ်တံဆိပ်
တည်ဆောက်တဲ့ marketer တွေ။
Paid Ad က ရေရှည် မလွယ်ဘူး။
Google မှာကြော်ငြာ
Facebook မှာ ကြော်ငြာ
စျေးက အမြဲတက်သွားမှာပဲ။
ရေရှည်အတွက် ထိရောက်တာကတော့
အမှတ်တံဆိပ်သေချာ
တည်ဆောက်တာပဲ။
ဒီအတွက် မဟာဗျူဟာကောင်းကောင်းလိုတယ်။
စိတ်ရှည်မှု လိုတယ်။
Phyo Paing @ Derek