နေဝင်ပြီး မိုးချုပ်သွားတယ်။
မနက်ကျ နေပြန်ထွက်မယ်။
ဥတုသုံးပါး ပြောင်းလဲနေသလို
အရာရာသူ့အလိုလိုစီးဆင်းနေတယ်။
ဘဝဆိုတာ လူကောင်းတွေပဲ
နောက်ဆုံးအနိုင်ရတဲ့ ဟောလိဝုဇာတ်လမ်းမှ
မဟုတ်တာ တဖြည်းဖြည်းနားလည်လာတယ်။
တရုတ်ပညာရှိ လောင်ဇူး 老子 ပြောသလို
ဘဝကို ရေလိုနေဖို့ တခါတလေ ကြိုးစားကြည့်တယ်။
无为 Nothingness ထဲကို သွားကြည့်တယ်။
တခါတလေ ကိုယ်သေဆုံးသွားမှ
simulation ထဲက နိုးလာတာလဲ
ဖြစ်နေနိုင်တာပဲ မဟုတ်လား။
ရေလိုပဲ ဘဝကို စီးဆင်းသွားဖို့ ကြိုးစားကြည့်တယ်။
Phyo Paing @ Derek