၂၀၁၅ ခုနှစ်
ဟွားဝေ G710 တွေ ခေတ်စားချိန်။
အေပရယ် ၇ ရက်နေ့
ငွေလဲစျေးက ၁ ဒေါ်လာ ၁၀၂၂ ကျပ်ရှိတယ်။
အေပရယ် ၉ မှာ ၁၀၅၁ ဖြစ်သွားတယ်။
အဲ့တုန်းက နည်းနည်းလေးကွာတာနဲ့
ရောင်းရှုံးဖြစ်တယ်။
အဲ့မှာ စဥ်းစားမိတာတစ်ခုက
ကိုယ်တိုင် စျေးသတ်မှတ်လို့ရတဲ့
ထုတ်ကုန်တွေ အဓိကရောင်းမယ်။
အဲ့လို စဥ်းစားဆုံးဖြတ်ခဲ့တယ်။
အဲ့အချိန်က MBA Thesis လုပ်၊
ဆင်ခြေဖုံးရက်ကွက်က ဖုန်းဆိုင်လေးကို
တစ်နှစ်ပြည့် စလွဲဖို့လုပ်နေရင်း၊
Part-time Apex Business School မှာ
စာသင်နေတဲ့အချိန်။
ဒီကမှ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ
အချက် ငါးချက်နဲ့ကိုက်ညီိဖို့
5C criteria ကို ထုတ်လိုက်တယ်။
၁။ Create ကိုယ်တိုင်ဖန်တီးတဲ့ ထုတ်ကုန်ဖြစ်ရမယ်။
၂။ Control စျေးနှုန်းကို ကိုယ်တိုင်ထိန်းချုပ်နိုင်ရမယ်။
၃။ Category ကိုယ်လုပ်တဲ့နယ်ပယ်မှာ ထိပ်ဆုံးဖြစ်ရမယ်။
(Niche စျေးကွက်ရွေးချယ်မှုဖြစ်ရမယ်။)
၄။ Copies ထပ်ဆောင်းကုန်ကျစရိတ်မရှိ
လိုသလောက် ကော်ပီပွားထုတ်လုပ်နိုင်ရမယ်။
ဥပမာ software လိုမျိုး။
လူဘယ် ၁၀ ယောက်သုံးတာနဲ့
အယောက် ၁ သိန်းသုံးတာနဲ့
ကုန်ကျစရိတ်အရမ်းမကွာသွားဘူး။
လူများများသုံးလေလေ ကုန်ကျစရိတ်နည်းသွားလေလေ
marginal cost နည်းလေလေ ဖြစ်ရမယ်။
၅။ Continuation တစ်ခါရောင်းပြီး
ပြီးသွားတာမျိုး မလိုချင်ဘူး။
နှစ်စဥ်၊ လစဥ် ရေပိုက်သွယ်သလိုဖြစ်ရမယ်။
ဥပမာ Apple မှာ ဖုန်းဝယ်ပြီးရင်
50G အတွက် လစဥ် $0.99 ပေးနေရသလိုပေါ့။
Subscription model ကို စဥ်းစားတယ်။
ဒီိတော့ Software-As-A-Service (SaaS),
Content-as-a-service (CaaS),
Intelligence-as-a-service (Consulting),
Platform-as-a-service (PaaS) ကို
ပြိုင်ဆိုင်မှုနည်းတဲ့ niche market
လေးတွေအတွက် ဆောက်တယ်။
ပြီးရင် အရမ်းကြီးစရာမလိုဘူး။
နိုင်ငံရေး၊ စီးပွားရေး
လေမုန်တိုင်းတွေ ဒဏ်ကခံရမယ်။
ဘယ်လိုဖြစ်ဖြစ် အခြေအနေမပျက်ပဲ
ထပ်ကြီးဖို့ဖြစ်ရမယ်။
ကျွန်တော်ယူဆတာတော့
လုပ်ငန်းရှင်တစ်ယောက်မှာ
ကိုယ့်လုပ်ငန်းဘယ်လိုလည်ပတ်မလဲ
ကိုယ်ပိုင် အတွေးအခေါ်ရှိရမယ်။
Business Philosophy မရှိရင်
တခြားလုပ်ငန်းတွေနဲ့ တူညီပဲ
အုတ်ရောရော ကျောက်ရောရောဖြစ်နေနိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay