လူတွေဘာ့ကြောင့်အလုပ်လုပ်တာလည်း၊
ဘာ့ကြောင့် ပညာသင်တာလည်း၊
ဘာ့ကြောင့်ကြိုးစားတာလည်းဆိုရင်
ရွေးချယ်စရာများအောင်လို့။
ရွေးချယ်စရာမရှိတော့တဲ့အခါ
လူတွေလည်း motivation ကျလာတယ်။
ရွေးချယ်နိုင်စွမ်းမရှိတော့တဲ့အခါ
လူတွေအခြေအနေပေါ်မှာမူတည်ပြီး
ယုံကြည်မှုကိုအပြောင်းအလည်းလုပ်လာကြတယ်။
ရွေးချယ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ဟာ
သူ့အလုပ်မှာလည်းမပျော်ဘူး။
ရွေးချယ်စရာရှိခြင်းသည် မရှိခြင်းထက်ကောင်းတယ်။
လူတွေဟာ ရှိနေတဲ့ ရွေးချယ်မှုတွေကြားမှာ
ရှိနေတဲ့ အခြေအနေ အချိန်အခါပေါ်မှာ
သူအကောင်းဆုံးလို့ထင်တဲ့ ရွေးချယ်မှုတွေကို
ပြုလုပ်လေ့ရှိတယ်။
Phyo Paing @ Derek