ရွေးချယ်မှုက
ပေးဆပ်မှုထက်ပိုအရေးကြီးတယ်။
ပေးတိုင်းပြန်ရဖို့ခက်တယ်။
အရွေးမှန်ရင်တော့
ရွေးတိုင်းထိုက်တန်တဲ့အရာပြန်ရတယ်။
ဒါကတော့ တစ်ကိုယ်တော်အမြင်ပေါ့။
ဘဝမှာ ဘယ်အချိန်မှာ
ဘယ်အလုပ်လုပ်မယ်။
ဘာထုတ်ကုန်၊ ဝန်ဆောင်မှုရောင်းမယ်။
ဘယ်လိုလူတွေကိုခန့်မယ်။
ဘယ်လိုလူတွေနဲ့ ပါတနာလုပ်မယ်။
ဘယ်လိုလူတွေကိုရောင်းမယ်။
ဝင်ငွေဘယ်လိုရှာမယ်။
ဘယ်လိုပုံံစံလုပ်ငန်းလည်ပတ်မယ်။
လုပ်ငန်းလုပ်တဲ့အခါ ဒါတွေရွေးရတယ်။
ဒါကို business model လို့လဲခေါ်တယ်။
အဲ့လိုပဲ ဘဝကို ဘယ်လိုလူတွေနဲ့
ဖြတ်သန်းမယ်။
ဘယ်လိုလူတွေ ဝေးဝေးရှောင်မယ်။
မပတ်သက်လို့မရတဲ့လူတွေကို
ဘယ်လို စည်းခြား၊
လုပ်ပေးစရာရှိတာလုပ်ပေး
ခွဲတမ်းချပြီး ပေးကမ်းမယ်။
ဘယ်မှာအဓိက အခြေချမယ်။
တစ်ရက်တာကို ဘာတွေအဓိကလုပ်မယ်။
ဘာတွေမလုပ်ဘူး။
ရွေးရပြန်တယ်။
ဘဝမှာ ရွေးတာက ပေးတာထက်
အများကြီး ပိုအရေးကြီးတယ်။
ဘဝမှာ ကိုယ့်အတွက်အကောင်းဆုံးမဟုတ်တဲ့
ရွေးချယ်မှုတွေ အများကြီးလုပ်ဖူးတယ်။
ဒါပေမယ့် အကောင်းဆုံးမဟုတ်တဲ့
ရွေးချယ်မှုတိုင်းကို
ကံကောင်းစွာ ပြန်ပြင်လို့ရခဲ့တယ်။
ဘဝရဲ့သင်ခန်းစာတစ်ခုက
“ရွေးတာက ပေးတာထက်” ပိုအရေးကြီးတယ်။
အမြင်သာဆုံးဆို
အရမ်းညံ့တဲ့သူကို ဝန်ထမ်းခန့်ပြီး
သင်တန်းဘယ်လောက်ပေးပေး
တော်လာဖို့က သိပ်မလွယ်ဘူး။
ကိုယ်က ရွေးချယ်လို့ရတဲ့သူဖြစ်အောင်လဲ
အားထုတ်ဖို့လိုတာပေါ့လေ။
Phyo Paing @ Derek