ရည်မှန်းချက်
ရွေးချယ်မှု
ကြိုးစားအားထုတ်မှု
ပြန်လည်ချိန်ဆပြင်ဆင်မှု။
ဒီလေးခုမှာ ကိုယ်ယုံကြည်ထားတာတစ်ခုက
“ပျော်ရာမှာထက် တော်ရာမှာနေ”။
ကိုယ်ရည်မှန်းချက်ကို
အမြန်ဆုံး၊
အကောင်းဆုံး၊
အလွယ်ကူဆုံးအကောင်အထည်ဖော်ပေးနိုင်တဲ့
နေရာမှာ နေဖို့လိုတယ်လို့ထင်တယ်။
ဘဝမှာ အချိန်တွေကုန်တာ
အရမ်းမြန်တယ်။
ဒီလိုပဲ အသက်တွေက ကြီးသွားတယ်။
ကိုယ့်အချိန်ကိုယ်ဖြုန်းနေတာ
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့
အတူတူပဲလို့ ယူဆထားတယ်။
ဘဝရဲ့ ပေးထားချက်ပေါ်မူတည်ပြီး
ပြဿနာတွေရဲ့ မေးထားချက်ကို
ဖြေရှင်းသွားနိုင်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek