စွမ်းဆောင်ရည်မြင့်ဖို့
ငပျင်း ဖြစ်ဖို့လိုတယ်။
Total ငပျင်းတော့ မဟုတ်ဘူး။
Partial ငပျင်း။
အလုံးစုံ ငပျင်းက ကိစ္စရပ်
အကုန်လုံးကို ပျင်းတာ။
ဖားတစ်ပိုင်း ငါးတစ်ပိုင်း ငပျင်းက
ရွေးချယ်ပျင်းတာ။
စွမ်းဆောင်ရည်မြင့်တဲ့
ဖားတစ်ပိုင်း ငါးတစ်ပိုင်း ငပျင်းတွေက
များများလုပ်ပြီး နည်းနည်းရတဲ့
အရာတွေကို ပျင်းတယ်။
သူတို့က ဘာတွေကို မပျင်းဘူးလဲဆို
နည်းနည်းလုပ် များများရတဲ့အလုပ်တွေ။
ဥပမာ စာမေးပွဲအောင်ဖို့ စာနားလည်ပြီးရင်
ဖိုက်စတားနဲ့ ဖိုးစတား ကို အရင်ကြည့်တာမျိုး။
ဒီလိုလုပ်ဖို့ ဥာဏ်သုံးဖို့လိုတယ်။
အရေးမပါတဲ့ အရာတွေကို
အရာသိပ်မပေးမိဖို့လိုတယ်။
လုပ်ငန်းရှင် ဥပမာ
ဖားတစ်ပိုင်း ငါးတစ်ပိုင်းငပျင်းလုပ်ငန်းရှင်က
စျေးကွက်ပြဿနာကို အနံ့ခံတယ်။
လုပ်ငန်းလည်ပတ်ဖို့အတွက်
ဝန်ထမ်းတွေ ခန့်ထားတယ်။
စနစ်တကျလုပ်ဖို့ စနစ်တွေဖန်တီးထားတယ်။
စနစ်တွေ လိုက်နာမနာသိဖို့
ကြီးကြပ်ရေးမှူးထားထားတယ်။
လိုက်နာရမည့် စည်းကမ်းနဲ့
လုပ်ငန်း ဖွဲ့စည်းပုံ တည်ဆောက်ထားတယ်။
အနာဂတ်အမြင်နဲ့
တန်ဖိုးထားမှုတွေကိုသတ်မှတ်ထားတယ်။
ဒါကို Leverage လို့ခေါ်တယ်။
လုပ်ငန်းရှင်လဲ ၂၄ နာရီရှိတာ၊
အလုပ်သမားလဲ ၂၄ နာရီရှိတာ
ဘာကွာသလဲ။
လုပ်ငန်းရှင်က ငွေအား၊
လူအား၊ နည်းပညာအား၊
စီမံခန့်ခွဲမှုနဲ့ အသိပညာအား အသုံးပြုပြီး
စျေးကွက်ပြဿနာကို ဖြေရှင်းနိုင်လို့။
ဒီအားမသုံးနိုင်သမျှ လုပ်ငန်းရှင်ကတော့
တိုင်ပတ်မှုအပေါင်း သရဖူဆောင်းနေရမှာပဲ။
ရွေးချယ် ပျင်းတတ်ဖို့လိုနိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay