ဘာလို့ တချို့လူတွေကို Ban လိုက်သလဲ
မုန်းလို့ မဟုတ်ဘူး။
လမ်းချင်း မတူလို့။
လမ်းချင်း တူရင် လူချင်း တွေ့မှာပါ။
မတူတဲ့ လမ်းပေါ်မှာ အတင်းလျှောက်နေရင်
နှစ်ယောက်လုံး ပင်ပန်းတယ်။
ကိုယ့်ဘဝကို ဖြတ်သန်းရာမှာ
ကိုယ် ဘာမြင်သလဲ
ဘယ်သူ့စကား နားထောင်သလဲ
ဘယ်အိုင်ဒီယာတွေ ဝင်လာသလဲ
ဒါတွေက အရေးကြီးတယ်။
Social Media မှာ
ကိုယ် မမြင်စေချင်တဲ့သူ မြင်
မသိချင်တဲ့သူ သိ
ဒါ ကောင်းတဲ့ အချက် မဟုတ်ဘူး။
Phone ထဲ ဘာဝင်လာသလဲ
Feed ထဲ ဘယ်သူရှိသလဲ
Comment/ Inbox ထဲ ဘယ်စကားတွေ ရောက်နေသလဲ
ဒါတွေကို ရွေးချယ်ခွင့် ရှိပါတယ်။
ဘဝမှာ ၃ ခု ကို သေသေချာချာ ရွေးပါ။
လူ
ကိုယ့်ကို အင်အား ဖြစ်စေတဲ့ လူနဲ့ နီးပါ။
ကိုယ့်ကို အားယုတ်စေတဲ့ လူနဲ့ ဝေးပါ။
ကြင်နာလို့ ဝေးတာ ဖြစ်နိုင်တယ်။
နေရာ
ကိုယ့်ကို ကြီးထွားစေတဲ့ နေရာမှာ ရှိပါ။
ကိုယ့်ကို သေးငယ်စေတဲ့ နေရာက ထွက်ပါ။
အိုင်ဒီယာ
ကိုယ့်ကို ဖွင့်ပေးတဲ့ အိုင်ဒီယာကို လက်ခံပါ။
ကိုယ့်ကို ပိတ်တဲ့ အိုင်ဒီယာကို ပယ်ပါ။
အမှိုက်လာပေးရင် မယူပါနဲ့။
ဒါ ရိုးရိုးရှင်းရှင်း။
Ban လုပ်တာ ရက်စက်တာ မဟုတ်ဘူး။
ကိုယ့်ဘဝကို ကာကွယ်တာ။
ကိုယ်နဲ့ ထိတွေ့တဲ့ အရာတိုင်းက
ကိုယ့်ကို ပုံသွင်းနေတယ်။
ဒါကြောင့် ရွေးပါ။
သေချာ ရွေးပါ။
ရွေးနိုင်တဲ့ အတွက်
ဘဝက အေးချမ်းလာပါလိမ့်မယ်။
Phyo Paing @ Derek