Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ရှာသောသူတွေ့၏။
မရှာရင် မတွေ့။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းက
စနစ်နဲ့ စတာမဟုတ်ဘူး။
Business Model နဲ့ စတယ်။

စလုံးက ST Signature hotel
တစ်ခုလုံးမှာ reception မှာ
အမြဲ လူတစ်ယောက်ပဲရှိတာ
မြင်လိမ့်မယ်။
ကျန်တာအားလုံး၊
သော့ဖွင့်၊ check-in နဲ့
check-out အကုန်လုံး ဖုန်းနဲ့ပဲ။

လူနှစ်ယောက်နဲ့ လည်ပတ်တဲ့
ကော်ဖီဆိုင်တွေ။
Plug-in လေးရေးပြီး
မီလီယံနဲ့ချီရှာနေတဲ့
တစ်ယောက်တည်းရှိတဲ့လုပ်ငန်းတွေ။
ကနေဒါကျွန်းလေးပေါ်မှာနေပြီး
စနစ်တည်ဆောက်ပြီး
လုပ်ချင်တာလုပ်
သူ့အလိုလိုလည်ပတ်နေတဲ့လုပ်ငန်းတွေ။

လူအများစုထင်တာ
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ
စနစ်နဲ့ စတယ်လို့ထင်တတ်ကြတယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ
လုပ်ငန်းလည်ပတ်မှုပုံစံဒီဇိုင်းနဲ့စတယ်။

ဝန်ထမ်းမလိုတဲ့ စာအုပ်ဆိုင်ကို
App နဲ့ ဖွင့်လို့ရတယ်။
ဝန်ထမ်းမလိုတဲ့ သင်တန်းကျောင်းကို
Website/ App နဲ့ ဖွင့်လို့ရတဲ့ခေတ်ကြီး
ဖြစ်နေပြီ။

အ play ခံရတိုင်းငွေဝင်တဲ့
business model နဲ့
အိပ်နေလဲ ငွေဝင်ဖို့
Youtube တွေ၊ တခြားလုပ်ငန်းတွေ
အများကြီး ပေါ်နေပြီ။

ရှာသောသူတွေ့၏။
မရှာရင် မတွေ့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​