ဆုံးဖြတ်ချက်တစ်ခုရဲ့ quality ဟာ လူတစ်ယောက်ရဲ့လက်ရှိအခြေနေမှာမူတည်ပါတယ်။ စိတ်ပညာ သုတေသနအရ လက်ရှိစိတ်ညစ်နေတဲ့သူတစ်ယောက်ကို သူ့ရဲ့ အနာဂတ်နောက်ငါးနှစ်နေဘယ်လိုဖြစ်မလည်းမေးရင် စိတ်ညစ်စရာအဖြစ်ပုံဖော်ကြပြီး၊ လက်ရှိ current state မှာ ပျော်နေတဲ့သူတစ်ယောက်ဟာ အနာဂတ်ကိုပျော်ရွင်စရာအဖြစ်ပုံဖော်ကြပါတယ်။
ဒါကြောင့်လက်ရှိအခြေအနေ current physiological state ဟာ ဆုံးဖြတ်ချက်တွေပေါ်အများကြီးတက်ရောက်မှုရှိပါတယ်။ လောင်းကစားရှုံးနေတဲ့သူတစ်ယောက်ရဲ့ physiological state ဟာ သာမန်လူနဲ့မတူပါဘူး။
Stupid state မှာရှိနေရင် Stupid behavior ဖြစ်လာပါမယ်။ (အရက်အလွန်အကျွံသောက်ထားတဲ့သူဟာ မူလ behavior နဲ့ အနည်းနဲ့အများကွာပါမယ်။) ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမူအကျင့်တွေမဟုတ်ကြပါဘူး။ You are not your behavior.
Physiological state ကို လွမ်းမိုးနေတဲ့အရာတွေထဲမှာ body posture ကိုယ်အနေအထားပါပါတယ်။ လူရှေ့မှာ စကားပြောတဲ့အခါ ကိုယ်က ကြောက်နေရင်တောင် body posture ကိုပြောင်း အသက်ရှူမှုကို ကောင်းကောင်းထိန်းနိုင်ရင် performance မှာလည်းအပြောင်းအလည်းရှိပါတယ်။
စိတ်ဓာတ်ကျနေတဲ့သူနဲ့ သာမန်သူနဲ့ တစ်ခုခုကို passionate ဖြစ်နေတဲ့သူ သုံးမျိုးကို ပုံဖော်ကြည့်ပါ။ ကိုယ်ဖြစ်ချင်တဲ့ သူမျိုးရဲ့ state ကို modelling လိုက်လုပ်ကြည့်ပါ။
ဆုံးဖြတ်ချက်ချတဲ့အချိန်မှာလည်း အလားတူပါဘဲ။ သဘောတူညီမှုတစ်ခုမရခင် physiological state ကို သတိထားသင့်ပါတယ်။
Phyo Paing @ Derek