Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လမ်းစဥ်လိုတယ်။

ကိုယ်ပိုင်ချမှတ်ထားတဲ့လမ်းစဥ်က

“လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပါ။”
“နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။”
“ဘူကောင်တွေကိုရှောင်။”
“ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။”
“အိပ်နေလဲငွေဝင်နိုင်တဲ့ လုပ်ငန်းတည်ဆောက်ပါ။”
“ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေ နေ့စဥ်လုပ်ပါ။”
“လုပ်ရင်းသိသွားလိမ့်မယ်။”
“အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။”
“မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။”
“ဘဝမှာ အရေးအကြီးဆုံးက စိတ်ချမ်းသာဖို့။”
“အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။”
“အရေးမပါတာတွေကို အရာမပေးနဲ့။”
“အမြင်မတူရင် အမြင့်မတူနိုင်ဘူး။”
“ဘဝဆိုတာ စမ်းသပ်မှုတွေလုပ်တဲ့နေရာတစ်ခုပဲ။”
“ကိုယ်ထိန်းချုပ်နိုင်တဲ့ ၂၄ နာရီပဲ။ ဒါကိုဂရုစိုက်။”
“ကိုယ့်ဘဝကို ကန့်သတ်ထားတာ ကိုယ်ပဲ။”
“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကျန်တာလွယ်သွားပြီ။”
“ခံယူချက်က ခံစားချက်ကိုကျော်နိုင်ဖို့လိုတယ်။”

လမ်းမြင်ဖို့ လမ်းစဥ်လိုတယ်။
မြန်မာလိုဆို လောကနီတိရှိတယ်။
အင်္ဂလိပ်လိုဆို principle လို့ခေါ်ပြီး
တရုတ်လိုဆို “道理” (Dàolǐ) သောက်လီလို့ခေါ်တယ်။

သူက လူတစ်ယောက်ရဲ့ ကမ္ဘာလောကကြီးကို
အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် လွမ်းမိုးထားတယ်။

ဥပမာ လောကနီတိမှာဆို
အတတ်နှင့်တူသော ဥစ္စာသည်မရှိ။
အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။
သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။
သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။
ဒါကိုတော့ စတုရင်္ဂဗလ အမတ်ကြီးရေးခဲ့တယ်။

အနောက်တိုင်းမှာ ယုတ္တိကျကျ
စဥ်းစားတွေးတောတတ်ဖို့  Rationalism.
လူတစ်ယောက်ရဲ့လွတ်လပ်မှု Individualism.
ကျားမလိင်အင်္ဂါမရွေးတန်းတူ Equality.

တရုတ်မှာတော့ ကိုယ့်မိဘဘိုးဘေးကို
စောင့်ရှောက်ဖို့ 孝道 (Xiàodào).
အလုပ်ကြိုးစားဇွဲရှိဖို့ 天道酬勤 (Tiāndào chóu qín).
ကျေးဇူးတရားရှိသူကို ပြန်ဆပ်ဖို့ 礼尚往来 (Lǐ shàng wǎng lái).
ဘယ်လောက်ခက်ခဲပါစေ
ကျောက်တုံးတောင် ရေတိုက်စားလို့ရသလို
ဇွဲနဲ့ လုပ်ဆောင်ရင် အခက်အခဲလဲကျော်ဖတ်လို့ရတယ်။
水滴石穿 (Shuǐ dī shí chuān)

တရုတ်ယဥ်ကျေးမှုလမ်းစဥ်အများစုက
ကွန်ဖြူးရှပ်အတွေးအခေါ်ဖြစ်တဲ့
仁 (Ren) – သနားကြင်နာမှု
礼 (Li) – ဓလေ့ထုံးတမ်း၊ အပြုအမူမှန်
孝 (Xiao) – မိဘကျေးဇူးတန်တင်မှk
义 (Yi) – မှန်ကန်မှု၊ တရားမျှတမှု
智 (Zhi) – ပညာ
信 (Xin) – ယုံကြည်စိတ်ချရမှု၊ စစ်မှန်မှု
ဒီခြောက်ခုကို အခြေပြုလာတယ်။

လူတစ်ယောက်ရဲ့ဘဝကို
ဗရိုဗရဲမဖြစ်ဖို့ လမ်းစဥ်လိုတယ်။
လုပ်ငန်းတစ်ခု ဗရိုဗရဲမဖြစ်ဖို့လဲ
လမ်းစဥ်လိုတယ်။

မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန်ရောက်ကြောင်း
လမ်းစဥ်တစ်ခုပဲ။

ကိုယ်က ဘယ်လမ်းစဥ်သုံး
ဘဝလမ်းကို ဖြတ်သန်းနေလဲ။

Phyo Paing @ Derek

Share Your Idea!​