Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ တစ်ခုတည်ဆောက်ဖို့ အဆင့် ၇ ဆင့်ပဲလိုတယ်။

၁. Projection – ဘဝမှာ ကိုယ်သေတဲ့အထိ စဉ်းစားလိုက်။ ဥပမာ အသက် ၈၀ ဆိုပါတော့။ ကိုယ်ဘယ်လိုပုံစံနဲ့ နေနေမလဲ? ကိုယ်သေရင် တခြားသူတွေ ဘာတွေပြောနေမလဲ? ဘာ legacy တွေချန်ခဲ့မလဲ?

၂. List – ဒီ မသေခင်အတွင်းမှာ ဘာတွေလုပ်သွားချင်တာလဲ ချရေးထားပါ။

၃. Milestone – မန္တလေးက ရန်ကုန်လမ်းမှာတွေ့ရတဲ့ မိုင်တိုင်တွေလို ကိုယ့်ရည်မှန်းချက်အတွက် မိုင်တိုင်တွေ သတ်မှတ်ပါ။ Flexibility တော့ရှိဖို့လိုပါတယ်။ ဒီ အသက်အရွယ်မှာ ဒီ deadline မရောက်ရင်တောင် အနာဂတ်မှာဖြစ်လာမည့် deadline ကိုရောက်နိုင်ပါတယ်။

၄. Resources – ကိုယ့်ပန်းတိုင်ရောက်ဖို့ ဆရာတင်ရမည့်သူတွေ၊ အပေါင်းအသင်း၊ အချိပ်အဆက်၊ နေရာ လိုအပ်တဲ့အရင်းအမြစ်တွေအားလုံးချရေးပါ။ ဒီလူတွေနဲ့ သိအောင်၊ ဒီ အရင်းအမြစ်တွေရအောင် စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ပါ။

၅. Goal – ကိုယ်ချမှတ်ထားတဲ့ Milestone တွေပေါ်မူတည်ပြီး တစ်နှစ်စာ plan ချရေးပါ။ သုံးလစာ၊ တစ်လစာ၊ တစ်ရက်စာ Schedule လုပ်သွားပါ။

၆. Energy – Time Management ထက် Energy Management ကိုအသားပေးပါ။ အလုပ်တွေလုပ်ဖို့ စွမ်းအားတွေလိုတယ်။

၇. Massive & Consistent Action – ရည်မှန်းချက်ကို ခဏခဏမပြောင်းပါနဲ့။ ပန်းတိုင်ကို မနိမ့်ချလိုက်ပါနဲ့။ လုပ်ရပ်ကိုအရှိန်မြင့်ပါ။ ရည်တိုမှာ တခြားသူတွေ ကိုယ့်ထက်သာနေကောင်းသာနေလိမ့်မယ်။ စိတ်ရှည်ပါ။ ကြာကြာဝါးမည့်သွား ဘာစားစားအရိုးကြည့်ရှောင်ပါ။ အမြဲ review ပြန်လုပ်ပါ။ အကျိုးမရှိတဲ့ conversation တွေနဲ့ အချိန်မဖြုန်းပဲ ရှိတဲ့လမ်းကြောင်းသွားဖို့လိုပါတယ်။

Phyo Paing @ Derek

Share Your Idea!​