Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လိုအပ်ရင် ပြောင်းလဲထားဖို့လိုတယ်။

လုပ်ငန်းတွေက “Me Too” ကြောင့်
ကျဆုံးကြတယ်။

ရောင်းတဲ့ ကုန်ပစ္စည်းတူ၊
စျေးနှုန်းတူ၊
လည်ပတ်မှုတူ၊
ကြော်ငြာပုံတူ၊
မားကတ်တင်းလုပ်တဲ့ပုံစံတူ၊
ဒီဇိုင်းတူ။

ဒီ “Me Too” တွေက ကျဆုံးရေးရဲ့ဖော်မြူလာပဲ။

ဒါဆို မတူအောင်ဘာတွေလုပ်ရမလဲ။
မတူအောင် ကိုယ့်လုပ်ငန်းလည်ပတ်ပုံကို
ဆန်းသစ်လို့ရပါတယ်။

ခေတ်အပြောင်း၊ စနစ်အပြောင်းမှာ
ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းလည်ပတ်မှုပုံစံကို
တီထွင်ဆန်းသစ်နေဖို့လိုတယ်။

ရေကြီးတဲ့နေရာမှာ ခြေတံရှည်အိမ်တွေ
ဆောက်သလိုပေါ့။

ကာလံ၊ ဒေသံ၊ ခေတ်၊ စနစ်၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ
အပြောင်းအလဲတွေနဲ့အတူ
ကိုယ့်လုပ်ငန်းလည်ပတ်ပုံကို
ဆန်းသစ်ထားဖို့၊
လိုအပ်ရင် ပြောင်းလဲထားဖို့လိုတယ်။

ဒါကြောင့် Akyanpay Mini-MBA မှာ
Business Model Innovation ကိုလဲ
ခဏခဏ ဆွေးနွေးကြတာဖြစ်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​