လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့
စနစ်ချတယ်ဆိုတာ
အိမ်တစ်အိမ်ဆောက်သလိုပဲ။
ကိုယ်ဆောက်မည့်အိမ်ပုံစံ
ကြိုတင်မြင်ထားဖို့လိုတယ်။
ဒါကို Vision လို့ခေါ်ပါတယ်။
စကားလုံးအကြီးကြီးနဲ့ ဥပမာပေးရရင်
Bill Gates ရဲ့ တချိန်က Vision က
အိမ်တိုင်းအိမ်တိုင်းမှာ computer တစ်လုံးရှိဖို့။
ကွန်ပြူတာတိုင်းမှာ သူ့ကုမ္ပဏီထုတ်
Microsoft operating system ရှိဖို့ဖြစ်တယ်။
လုပ်ငန်းရှင်မိတ်ဆွေအနေနဲ့ ပြန်စဉ်းစားကြည့်ပါ။
ကိုယ့်လုပ်ငန်းအနေနဲ့ ကိုယ်မရှိပဲလည်ပတ်နေတဲ့အချိန်မှာ
ဘယ်လိုဖြစ်နေမလဲ?
ကိုယ့်လုပ်ငန်းအနေနဲ့ ရောက်နေမည့်နေရာ။
ရှိနေမည့်ဖောက်သည်တွေ။
လုပ်ငန်းကို ဦးဆောင်နေသူတွေနဲ့ သူတို့
အရည်အချင်း။
လည်ပတ်မှုပုံစံ အစရှိတာတွေကို
စိတ်ကူးပုံဖော်ကြည့်ပါ။
ဒါကိုတော့ Vision လို့ခေါ်ပါတယ်။
#AkyanPay