ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်တဲ့အခါ
အချက် ၂ ချက်လိုအပ်ပါတယ်။
ဒီအချက်နှစ်ချက်ကို John Warrillow က ပြောခဲ့သလို၊
ကျွန်တော့်အနေနဲ့လဲ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။
ဒါကတော့ ပထမက Specialization လုပ်ဖို့ဖြစ်ပါတယ်။
လုပ်ငန်းအများစုက အစုံရောင်းချင်ကြတာ သဘာဝပါပဲ။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ
generalization ဆိုတာထက်
specialization က အဓိကကျပါတယ်။
ဥပမာ ကျွန်တော် ပူးတွဲစတင်ထားတဲ့
web design & development agency တစ်ခုရှိပါတယ်။
အဲ့ဒီ agency မှာ logo, graphic, content, app အစုံမလုပ်ပဲ
website တစ်ခုတည်းကို specialization သွားပါတယ်။
ecommerce နဲ့ e-learning ကို
specialization လုပ်ထားတဲ့အတွက်
အလုပ်လုပ်တဲ့အခါမှာ ပိုမိုလွယ်ကူသွားပါတယ်။
ဒုတိယတစ်ခုက Standard Service Operation လိုပါတယ်။
ကျွန်တော်တို့မှာ တစ်ယောက်ချင်းစီပေါ်မူတည်ပြီး
customization သွားလို့ရတဲ့အပိုင်းထက်၊
စံသတ်မှတ်ထားတဲ့ process နဲ့ procedure တွေရှိတဲ့အတွက်
process တိုင်းမှာ တခြားသူတွေကို တာဝန်ပေးသွားလို့ရပါတယ်။
လုပ်ငန်းတစ်ခုကို စတင်တဲ့ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။
တချို့က အာဏာနဲ့ ပါဝါအတွက်။
တချို့က လွတ်လပ်မှုအတွက်။
တချို့က စားဝတ်နေရေးအတွက်။
တကယ်လို့ကိုယ်က လွတ်လပ်မှုအတွက်
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ချင်သူဆိုရင်
ကိုယ့် business ကို သေချာ design လုပ်ထားဖို့လိုပါတယ်။
ဒါကို business by design လို့ခေါ်ပါတယ်။
ကိုယ့်လုပ်ငန်းလည်ပတ်နေတဲ့ business model ကို
သေချာပြန်လည်ဆန်းစစ်ပါ။
တခြားနိုင်ငံမှာ၊ ကိုယ့်နိုင်ငံမှာ အလုပ်ဖြစ်နေသေးလား
သေချာပြန်လည် ဆန်းစစ်ဖို့လိုပါတယ်။
Business Model Canvas နဲ့ Business Plan
တွေတည်ဆောက်ဖို့ကို
www.akyanpay.com စီစဥ်ပေးထားပါတယ်။
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။
Akyanpay
#Akyanpay