လုပ်ငန်းတစ်ခုကို ရှုံးနိမ့်စေတဲ့ အချက်သုံးချက်ရှိပါတယ်။
1. Failure to anticipate
အနာဂတ်ကို ကြိုတင်မှန်းဆပြင်ဆင်မှုမရှိခြင်း
2. Lack of follow through
ပြင်ဆင်ထားတာကို ထိထိရောက်ရောက်အကောင်ထည်ဖော်မှုမရှိခြင်း
3. Our own psychology and mindset
လုပ်ငန်းရှင်ရဲ့ စိတ်နေသဘောထားနဲ့ စိတ်ဓာတ်ရေးရာ ကြောင့်ဖြစ်ပါတယ်။
ဒါကတော့ business mastery မှာ လုပ်ငန်းရှင်တိုင်းလေ့လာရတဲ့ အရေးကြီးတဲ့အချက်သုံးချက်ဖြစ်ပါတယ်။
1. Failure to anticipate
အနာဂတ်ကို ကြိုတင်မှန်းဆပြင်ဆင်မှုမရှိခြင်း
Losers react. Winners anticipate. ဆိုတဲ့စကားရှိပါတယ်။ စီးပွားရေးလောကမှာ ရှုံးနိမ့်သူတွေက အလန့်တကြားတုန်ပြန်ကြတယ်။ အောင်နိုင်သူတွေက အနာဂတ်ကို ကြိုတင်မှန်းဆထားတယ်။
စီးပွားရေးလုပ်ငန်းမှာ အောင်မြင်သူတွေက အနာဂတ်မှာ ဖြစ်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အပြောင်းအလဲတွေ၊ အခြေအနေတွေကို မှန်းဆပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ရှုံးနိမ့်သူတွေကတော့ ဒုက္ခရောက်မှ ဘုရားတတာမျိုးဖြစ်တတ်ကြတယ်။ အခက်အခဲကြုံမှ ဘာတွေဆက်လုပ်ရမလဲ ခေါင်းစားကြတတ်တယ်။ အခုလို Covid-19 နဲ့ Coup တွေကြုံရတဲ့ကာလမှာ အနာဂတ်ကို ကြိုတင်မှန်းဆပြင်ဆင်မှုက အရင်ကထက်ပိုအရေးကြီးလွန်းလှပါတယ်။
ဒါကြောင့် လုပ်ငန်းအနာဂတ်အတွက် တစ်ပတ်ကို မိနစ်ကိုးဆယ်လောက် အချိန်ပေးပြီး လုပ်ငန်းအတွက် ကိုယ့်လုပ်ငန်းရဲ့ အကြီးပိုင်းတွေနဲ့ ဖြစ်ဖြစ်၊ ဒါမှ မဟုတ် ကိုယ့်လုပ်ငန်းရဲ့ နည်းပြ၊ အကြံပေးနဲ့ပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
2. Lack of follow through
ပြင်ဆင်ထားတာကို ထိထိရောက်ရောက်အကောင်ထည်ဖော်မှုမရှိခြင်း
အိုင်ဒီယာနဲ့ plan တစ်ခုတည်းနဲ့ လုပ်ငန်းမအောင်မြင်နိုင်ပါဘူး။ ဒါကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ဖက်က ဝန်ထမ်းတွေ၊ စနစ်တွေကို သေချာပြင်ဆင်ထားဖို့လိုပါတယ်။ ဝန်ထမ်းတွေမှာ ကိုယ့် plan ကို အကောင်အထည်ဖော်နိုင်တဲ့ အရည်အချင်း၊ စိတ်ဓာတ်နဲ့ အလုပ်ဖြစ်တဲ့ စနစ်ကောင်း၊ မူကောင်းတွေလိုအပ်ပါတယ်။
3. Our own psychology and mindset
လုပ်ငန်းရှင်ရဲ့ စိတ်နေသဘောထားနဲ့ စိတ်ဓာတ်ရေးရာ
လုပ်ငန်းတစ်ခုကို ဦးစီးဦးရွက်ပြုရတယ်ဆိုတာ သာမာန်တစ်ရက်တာကို ဖြတ်သန်းရတာနဲ့ မတူပါဘူး။ လုပ်ငန်းရဲ့ ငွေရေးကြေးရေး၊ ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာ အစရှိတဲ့ အကန့်ပေါင်းများစွာကို ဦးစီးဦးရွက်ပြုလုပ်ရတဲ့အတွက် စိတ်ဓာတ်ရေးရာမှာ သာမာန်ထက် သန်မာဖို့အရေးကြီးပါတယ်။
ပြဿနာဆိုတဲ့ စကားလုံးအစား စိန်ခေါ်မှုဆိုတဲ့ စကားလုံးအစားထိုးဖို့အရေးကြီးပါတယ်။ (problem = challenge) နောက် အရှိကိုအရှိအတိုင်းမြင်ဖို့အရေးကြီးပါတယ်။ ရှိတဲ့အခြေအနေကို အဆိုးမမြင်ဖို့လိုပါတယ်။ နောက် လက်ရှိအခြေအနေကို ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ကူးတတ်ဖို့လိုပါတယ်။
ဒီအချက်သုံးချက်ကို သေချာစဥ်းစားသုံးသပ်ပြီး လုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေရဲ့လုပ်ငန်းကို လက်ရှိထက်ပိုအောင်မြင်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
www.Akyanpay.com ကို subscribe လုပ်ထားပြီး Business, Branding, Marketing, EntrepreneurshipTemplate တွေအသုံးပြုလို့ရမှာဖြစ်သလို Assessment Test တွေကိုလဲဖြေဆိုဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိပါက www.m.me/akyanpay.mm မှာမေးမြန်းနိုင်ပါတယ်။
#Akyanpay