Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းတစ်ခုကြီးထွားဖို့ အခရာကျတဲ့ (၄) ခု

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို အခုထက်ပိုပြီး ကြီးထွားအောင် တိုးချဲ့ချင်ရင် ဒီအချက် (၄) ချက်ကို အလေးထားလုပ်ဆောင်ပါ။

၁။ ကိုယ့်မှာ Team တစ်ခုလိုမယ်။

ဒီ Team မှာ လူလေးမျိုးလိုမယ်။

• အဖန်တလဲလဲလုပ်ရတဲ့ အလုပ် Repetitive task တွေလုပ်နိုင်တဲ့သူ

• တီထွင်စမ်းသစ်မှုတွေ လုပ်ဆောင်နိုင်တဲ့သူ

• ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူနဲ့

• သူတို့အားလုံးကို သေချာအုပ်ချုပ် စာရင်းဇယားလုပ်နိုင်မည့်သူတွေ လိုပါမယ်။

၂။ မဟာဗျူဟာ Strategy လိုတယ်။

ကိုယ့်လုပ်ငန်းက ဘယ်စီးပွားရေးထဲမှာ ရှိနေတာလဲ ?

အနာဂတ်မှာ ဘာတွေ ပြောင်းလဲလာနိုင်လဲ ?

အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲ ?

ဒီမေးခွန်းတွေကို အမြဲဖြေနေဖို့ လိုပါမယ်။

၃။ အကောင်အထည်ဖော်မှု Execution

လူတော်တွေဘယ်လောက်ရှိရှိ၊ မဟာဗျူဟာဘယ်လောက်ကောင်းကောင်း

လက်တွေ့အကောင်အထည်ဖော်နိုင်မှု execution မကောင်းရင် ဘာမှ ဖြစ်မလာပါဘူး။

ဒါကြောင့်ပဲ လုပ်ငန်းတစ်ခုမှာ ထိပ်ဆုံးက ဦးဆောင်သူကို Chief Executive Officer လို့ ခေါ်ကြတာပါ။

၄။ Cash ငွေသား

ငွေသားဆိုတာ လုပ်ငန်းရဲ့ လောင်စာဆီပဲ။

သူမရှိရင် ရှေ့ဆက်မရဘူး။ Cashflow ကိုသေချာ manage လုပ်နိုင်ဖို့လိုတယ်။ Cash Operating Cycle လို့ခေါ်တဲ့ ငွေတစ်ပတ်လည်တဲ့အချိန်ကိုသိရမယ်။

ဒါတွေမလုပ်တတ်ပဲ strategy တွေ၊ people development တွေပဲဖိလုပ်ပြီး လုပ်ငန်တစ်ခုရပ်တည်ဖို့ မလွယ်ပါဘူး။

Cashflow is king ပါ။

AkyanPay
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

Share Your Idea!​