လုပ်ငန်းတစ်ခုက ဖောက်သည်မရှိရင်
မရှင်သန်ဘူး။
ဖောက်သည်ရဖို့ အရင်က
ထုတ်တာနဲ့ရောင်းရပြီ။
နောက်ပိုင်း ထုတ်ပြီး
အရည်အသွေးကောင်းမှ
ရောင်းရတော့တယ်။
နောက်ပိုင်း ထုတ်ပြီး
အရည်အသွေးကောင်းတာအပြင်
သေချာရှင်းပြမှ ရောင်းရတော့တယ်။
နောက်ပိုင်း ထုတ်ပြီး
အရည်အသွေးကောင်းတာအပြင်
ရှင်းပြစရာမလိုလောက်အောင်
ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
အကြောင်းကို ရင်းနှီးနေအောင်လုပ်ထားမှ
ရောင်းရတဲ့ခေတ်ဖြစ်လာတယ်။
ဒါကို ဒီနေ့ခေတ်မှာ မားကတ်တင်းလို့ခေါ်တယ်။
မားကတ်တင်းက
အလယ်တန်းကစားတာနဲ့တူတယ်။
သူအားကောင်းလွန်းတဲ့အခါ
အရောင်းက ဂိုးသွင်းတာလွယ်သွားတယ်။
ဖောက်သည်ဝန်ဆောင်မှုပေးတယ်ဆိုတာ
ဂိုးပြန်မပေးရဖို့ နောက်တန်းနဲ့တူတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay