Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။

ပြေးလေ ဝေးလေဖြစ်နေသလား။

စီးပွားရေးဆိုတာ ဖောက်သည်တွေရဲ့
လိုအပ်ချက်၊ လိုချင်မှု၊ တနည်း ပြဿနာတွေကို
အမြတ်ငွေယူဖြေရှင်းတာဖြစ်တယ်။

ဒါကြောင့် ဘာပြဿနာကို
ဘယ်လိုပုံစံဖြေရှင်းမလဲ အရင်စဥ်းစားဖို့လိုတယ်။

တချို့တစ်လတစ်လ ရုန်းကန်ပြီး
ဘဝတွေ လုပ်တာနဲ့ ရတာမတန်
ဖြစ်နေတာတွေ တွေ့ဖူးလိမ့်မယ်။

တချို့ကျတော့လဲ ပျော်ပျော်ပါးပါး
ငွေတွေဝင်နေတာမျိုး။

ဘာကွာသွားသလဲ?

လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။

ဘယ်လုပ်ငန်း၊
ဘယ်နယ်ပယ်မှာ
ဘယ်လိုမျိုးဖောက်သည်တွေကို
ဘယ်လိုပုံစံမျိုး
ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
ဘယ်လောက်နဲ့
ဘယ်နှစ်ကြိမ်ကို
ဘယ်လိုမတူတဲ့ပုံစံနဲ့
ဘယ်လိုသိအောင်လုပ်ပြီး
ဝယ်အောင်၊ ထပ်ဝယ်အောင်လုပ်ဆောင်မလဲ၊
ဘယ်လောက်ကုန်ကျပြီး၊
ဘယ်လိုလူတွေကိုယ့်ကိုကူညီဖို့လိုသလို၊
ဘယ်လို ဝန်ထမ်းတွေကို အလုပ်ခန့်ထားရမလဲ။
လုပ်ငန်းဘယ်လိုလည်ပတ်မလဲ အရင်စဥ်းစားရတယ်။

လမ်းမှားပြီး ဇွတ်ပြေးနေရင်
ပြေးလေ ဝေးလေဖြစ်နေနိုင်တာဖြစ်တဲ့အတွက်
လုပ်ငန်းကို ဒီဇိုင်းအရင်လုပ်ဖို့လိုတယ်။

ဒီလိုရွေးချယ်မှုပြုလုပ်တဲ့အခါ
ကိုယ့်လုပ်ငန်းဖြစ်တဲ့အတွက်
ကိုယ့်ရဲ့ အားသာချက်ပေါ်
အခြေခံတဲ့ လုပ်ငန်းဖြစ်ရင်
အကောင်းဆုံးပဲ။

ကိုယ့်ရဲ့အားသာချက်ကိုသိဖို့အတွက်
တခြားသူတွေ ခက်ခက်ခဲခဲလုပ်နေရပြီး
ကိုယ့်အတွက် လွယ်နေတဲ့အရာရှိသလား။
ဒီမေးခွန်းမျိုးကို ပြန်မေးကြည့်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​