Q: လုပ်ငန်းတစ်ခုအတွက်
အရေးအကြီးဆုံးက ဘာလဲ?
A: အရောင်းပဲ။
Q: ရောင်းရအောင် ဘာလုပ်ရမလဲ။
A: မားကတ်တင်း
Q: မားကတ်တင်းဆိုတာဘာလဲ။
A: သူစိမ်းကို အသိ၊
အသိကိုဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူပြောင်းတာ။
Q: ဒါကို ဘယ်လိုလုပ်ကြသလဲ။
A: တင်၊ မြင်၊ မေး၊ ဝယ်၊ ထပ်ဝယ်၊ ညွှန်း
ဒီအဆင့်တွေ နဲ့ လုပ်ကြတယ်။
Q: ဘာကြီးလဲဗျ။
A: ပို့တွေ တင်တယ်။
တင်တိုင်းလဲ မမြင်ဘူး။
လူမှုကွန်ယက်မှာ တင်တယ်။
ရေဒီယိုမှာ တင်တယ်။
Billboard တွေမှာ တင်တယ်။
တင်ပြီးရင် လူတွေ မြင်ဖို့
boost လုပ်တာ။
ကြော်ငြာတာ လုပ်ကြတယ်။
ကြော်ငြာ သို့ ပို့ကို သေချာတင်ရင်
စိတ်ဝင်စားမှုနဲ့ ကိုက်ညီမှုရှိပြီး မြင်ရင်
မေးကြလိမ့်မယ်။
မေးပြီး မရောင်းတတ်ရင်လဲ
မဝယ်ဘူး။
ကုန်ပစ္စည်းမကောင်းရင်လဲ
ထပ်မဝယ်ဘူး။ မညွှန်းဘူး။
Q: ရှင်းသွားတာပဲ။ ဒါကို ဘာလို့ခေါ်သလဲဗျ။
A: လွယ်ကူရိုးရှင်းအောင်
အတိုချုပ်ထားတဲ့ ဆပွား မားကတ်တင်း စက်ဝန်း
Sapwar Marketing Circle လို့ခေါ်ပါတယ်။
Q: ဒါဆို ပို့တင်ရမှာပေါ့။
A: ဟုတ်တာပေါ့ အားတီလေးရာ။
Q: ဘယ်လို တင်ရမလဲ။
A: ဒါ နောက်ဆွေးနွေးမယ်လေ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay