လုပ်ငန်းတွေ ကျဆုံးရတဲ့ အကြောင်းအရင်းကဘာလဲ။
အကြောင်းအရင်းကတော့တစ်ခုပဲ။
စျေးကွက် အမြဲပြောင်းလဲနေတယ်။
ဖောက်သည်တွေအကြိုက် အမြဲပြောင်းလဲနေတယ်။
နည်းပညာတွေ အမြဲပြောင်းလဲနေတယ်။
စီးပွါးရေးလုပ်တဲ့ပုံစံတွေ အမြဲပြောင်းလဲနေတယ်။
စျေးကွက်မှာ ပြိုင်ဆိုင်မှုဆိုတာ
အနည်းနဲ့အများ ရှိတတ်ကြတယ်။
ပြိုင်ဖက်က လက်နက်တွေတပ်ဆင်ပြီး
နည်းပညာအသစ်တွေသုံးနေတဲ့အချိန်
ကိုယ်ကမသုံးရင် နောက်ကောက်ကျနေမယ်။
လုပ်ငန်းတွေ ကျဆုံးရတဲ့အကြောင်းအရင်းက
စျေးကွက်နဲ့ အတူလိုက်မပြောင်းခြင်းပဲ။
ထိပ်ဆုံးက ကုမ္ပဏီနဲ့လုပ်ငန်းတွေက
စျေးကွက်ကိုဦးဆောင်ပြီး
အပြောင်းအလဲလုပ်တယ်။
သာမာန်အောင်မြင်တဲ့လုပ်ငန်းတွေက
စျေးကွက်နဲ့အတူအပြောင်းအလဲလုပ်တယ်။
နောက်ကောက်ကျတဲ့လုပ်ငန်းတွေက
စျေးကွက်နောက်မှ အပြောင်းအလဲလုပ်တယ်။
လုပ်ငန်းတွေကို ကျဆုံးစေတာ
စျေးကွက်နဲ့အတူ
လိုက်အပြောင်းအလဲ မလုပ်နိုင်ခြင်းပဲ။
တီထွင်ဆန်းသစ် နည်းလမ်းမြင့်ပြီး
စျေးကွက်ကို ဦးဆောင်နိုင်ဖို့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay