Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?

ဒေါ်လာတစ်သန်းတန်တဲ့ စီးပွားရေးကိုလုပ်ကိုင်ဖို. ဘယ်နယ်ပယ်မှာ မဆိုဖြစ်နိုင်သည်။……အကောင်းဆုံးထဲက တစ်ခုဖြစ်ဖို့သာလိုသည်။

Adam Khoo
Secrets of Building Multi-Million Dollar Business မှ ကောက်နှုတ်ဖော်ပြပါသည်။
=====================================
သင်ဘယ်နယ်ပယ်မှာမဆို ချမ်းသာဖို့ အကောင်းဆုံးဆိုတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေပေးရမယ်။ အတော်ဆုံးအရောင်းသမားတွေလိုသလို အကောင်းဆုံး မားကတ်တင်းမဟာဗျူဟာလိုတယ်။ လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ team လိုမယ်။ အကောင်းဆုံး ငွေကြေးစီမံခန့်ခွဲမှု စနစ်တစ်ခုလိုမယ်။ အကောင်းဆုံး လုပ်ငန်းလည်ပတ်နိုင်တဲ့စနစ်တစ်ခုလိုမယ်။

စားသောက်ဆိုင်ဘဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအရောင်းဆိုင်ဘဲဖြစ်ဖြစ်၊ ပညာရေးမှာဘဲဖြစ်ဖြစ်၊ ၁၀ % သာ အောင်မြင်မှုနဲ့ အမြတ်ငွေများများရကြသည်။ ကျန် ၃၀% မှာ အရင်းကြေရုံသာရကြပြီး ၆၀% မှာ လုပ်ငန်းရှင်သန်ဖို့ရုန်းကန်နေရပြီး တချို့မှာ အရင်းရှုံးနေကြသည်။

ဒါဆို လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?
ကောင်းပြီ …..၃ ခုလိုအပ်ပါတယ်။
၁. Passion လို့ခေါ်တဲ့ ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးမှု
၂. Specialized Knowledge လုပ်ငန်းမှာ အထူးကျွမ်းကျင်မှု
၃. a Unique Competitive Advantages တခြားလုပ်ငန်းတွေထက်ထူးခြားအားသာမှု တစ်ခုလိုအပ်ပါတယ်။

Phyo Paing @ Derek

Share Your Idea!​