နိုင်ငံရေး မုန်တိုင်းတွေပြင်းထန်တဲ့အခါ
ကိုယ့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံနဲ့ မဟာဗျူဟာက
ကျစ်လစ်ပြီး၊ ရွေ့ပြောင်းလို့ရတဲ့
Lean and Mobile
စီးပွားရေးပုံစံ business model က
အထောက်အကူပြုတတ်တယ်။
ဒါကတော့ ၂၀၂၁ လောက်ကတည်းက
စတင်စဥ်းစားသင့်တဲ့ မော်ဒယ်တစ်ခုဆို
မမှားဘူးလို့ပြောနိုင်တယ်။
ဒုတိယ စဥ်းစားသင့်တဲ့ အချိန်ကတော့
ဒီအချိန်လဲဖြစ်နိုင်တယ်။
Asset တွေရွေ့ပြောင်းလို့ရတာ၊
ပေါ့ပါးတဲ့ ပုံစံတည်ဆောက်တာမျိုး။
နောက် အလုပ်ခန့်ထားတဲ့ပုံစံမှာ
လူငယ်ခြေထက်တွေထက်၊
မိသားစုရှေ့ရှုတဲ့ ဝန်ထမ်းတွေကို
အဓိက ခန့်အပ်ထားတဲ့ ပုံစံဖက်ကို
ပြောင်းသွားတာမျိုး။
နောက်တစ်ခုက လူငယ်ဝန်ထမ်းတွေကို
ကိုယ့်လုပ်ငန်းမှာပဲ
အမြဲအလုပ်လုပ်ရမယ်ဆိုတာထက်
အလုပ်တစ်ဖက်နဲ့ အနာဂတ်အတွက်
လေ့လာနေပြီး ရေကြည်ရာမြက်နုရာကို
ကူညီပေးနိုင်တဲ့ လုပ်ငန်းပုံစံ
စဥ်းစားရမည့် အချိန်မျိုးဖြစ်နေနိုင်တယ်။
နောက်တစ်ခုက စျေးကွက်ကို
နောက်တစ်နေရာ ရွေ့ဖို့
ကြိုတင်စဥ်းစားသင့်တဲ့အချိန်မျိုး။
မဟုတ်လဲ ကိုယ့်မှာ ရည်မှန်းချက်
ပန်းတိုင်ကတော့ တခြားနိုင်ငံချဲ့ဖို့
အနည်းနဲ့ အများရှိပြီးသားဖြစ်မှာပါ။
ပိုမြန်သွားတယ်လို့ သာ စဥ်းစားကြည့်ပါ။
နောက်တစ်နေရာရွေ့တဲ့အခါလဲ
ပထမနေရာကို မထားသွားဖို့အရေးကြီးတယ်။
အခြေကျဖို့က သုံးနှစ်လောက်
အနည်းဆုံးတော့ စဥ်းစားထားဖို့လိုနိုင်တယ်။
ဒီလို စဥျးစားထားတာက
ကိုယ့်လုပ်ငန်းအတွက်တင်မဟုတ်ပဲ
ကိုယ့်လက်ရှိဝန်ထမ်းတွေအတွက်
အားတစ်ခု ဖြစ်စေတယ်။
တစ်ခုခု ဖြစ်ခဲ့သည်ရှိသော်
alternative options တစ်ခုအနေနဲ့
ရွေးချယ်လို့ရနေမှာ ဖြစ်တယ်။
အခုအချိန်ကတော့ ရေလိုပဲ
ခွက်ဆိုတဲ့ နိုင်ငံရေး context ပေါ်ကြည့်ပြီး
လုပ်ငန်းမဟာဗျူဟာကို ကစားရမှာပဲ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay