Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။

လုပ်ငန်းလုပ်တဲ့ရည်ရွယ်ချက်က ကိုယ်လိုချင်တဲ့ဘဝပုံစံတည်ဆောက်ဖို့ဆိုရင်မမှားဘူး။ ဒီလိုလုပ်ငန်းလုပ်တဲ့အခါ လုပ်ငန်းကို ဗရမ်းဗတာလုပ်လို့ရသလို၊ ဒီဇိုင်းသေချာလုပ်ပြီးသွားလို့ရတယ်။ လုပ်ငန်းရှင်အများစုကတော့ လုပ်ရင်းသင်ရင်းနဲ့ သွားကြတာများတယ်။

ဒီ “learning by doing” လုပ်ရင်းသင်ယူရင်းသွားတဲ့လမ်းကြောင်းမှာ လေ့လာသင်ယူမှုဖြစ်စဉ်မြန်ဖို့လိုတယ်။ ဒီလိုမြန်မှ လုပ်ငန်းကို ဒီဇိုင်းလုပ်တာ ပိုမြန်ပြီး ကိုယ့်လုပ်ငန်းရုပ်လုံးပိုကြွလာမှာဖြစ်တယ်။ ဒီလို လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အခါ အပြင်အကြံပေးတွေ၊ Coach တွေအသုံးပြုကြသလို ကုန်ကျစရိတ်တွေလဲ များတတ်ကြတယ်။ ဒါကြောင့် ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်တွေအတွက် ကိုယ့်လုပ်ငန်းကို စိတ်ကြိုက်ဒီဇိုင်း ကိုယ်တိုင်လုပ်ဆောင်လို့ရအောင် www.Akyanpay.com ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။

Akyanpay.com မှာ အမှတ်တံဆိပ်တည်ဆောက်တဲ့အခါ စဉ်းစားရမည့် လမ်းစဉ် framework ကစလို့၊ marketing နဲ့ မဟာဗျူအဆုံးအကုန်ထည့်သွင်းထားပေးတဲ့ business design website ဖြစ်ပါတယ်။

ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးသွားပြီး လုပ်ငန်းကိုသေချာ design လုပ်တတ်သွားရင် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့လွယ်ကူသွားမှာအားလုံးအသိပါပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​