Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့
ရည်ရွယ်ချက်တစ်ခုကတော့

လုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့
ရည်ရွယ်ချက်တစ်ခုကတော့
ကိုယ့်လုပ်ငန်းက MMM ဖြစ်ဖို့ပဲ။
Money-making machine ဆိုပါတော့။
ဒါကို တစ်ချိန်ကျရင် လုပ်ငန်းထဲပါဝင်မှု
အချိန်တဖြည်းဖြည်းလျော့ပြီး
ကိုယ်မပါပဲ လည်ပတ်ပြီးတိုးတက်နေတဲ့
လုပ်ငန်း ဖြစ်ဖို့ပဲ။

ဒါကို လုပ်နိုင်တဲ့သူက လုပ်ငန်းသေးလေးတွေမှာ
တွေ့ရခဲတယ်။
အများစုက လုပ်ငန်းကြီးလုပ်နေတဲ့သူတွေမှာ
တွေ့ရတာ ပိုများမယ်။

ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုလုပ်ဖို့
ကျွန်တော်ကတော့ S 5 ခု framework လုပ်ထားတယ်။
Start, Speed Up, Systemize, Scale, Sell
ဒီငါးဆင့်မှာ လုပ်ငန်းကြီးတွေ သေချာလုပ်နေပြီဆိုကတည်းက
ဒီလူက Scale လို့ခေါ်တဲ့ ချဲ့ထွင်ခြင်းအဆင့်ရောက်နေပြီ။
စနစ်ချတဲ့ Systemize အပိုင်းကို ကျော်ခဲ့ပြီ။

လုပ်ငန်းတစ်ခုဆိုတာ စတင်တဲ့ Start ပြီးရင်
ကိုယ့်ကုန်ပစ္စည်နဲ့ စျေးကွက် အနာနဲ့ဆေးထိတဲ့
product-market fit သို့ အချိန်ကောင်း timing
ကောင်းတဲ့အချိန်တွေ့တတ်တယ်။
အဲ့အချိန်မှာ လုပ်ငန်းက ခုန်ပျံကျော်လွှားတိုးတက်တယ်။
ဒီအဆင့်ကို speed up လို့ခေါ်တယ်။

ဒီနေ့နေရာတစ်ခု ရနေတဲ့လုပ်ငန်းကြီးတွေဟာ
ဒီ speed up အဆင့်ကိုကောင်းကောင်းဖြတ်သန်းဖူးကြတယ်။

အခြေအနေတစ်ခုရောက်လာတဲ့အခါ
စျေးကွက်ပုံမှန်အနေအထားရောက်လာတယ်။
ဒီအချိန်မှာ စနစ်တွေချကြတယ်။
နောက်မှ ချဲ့ကြတယ်။
နောက်ဆုံး ရှယ်ယာတွေထုတ်ရောင်းတာမျိုးလုပ်ကြတယ်။
တခြားနိုင်ငံမှာဆို စတော့စျေးကွက်မှာ
Initial public offering (IPO) လုပ်တာမျိုးပေါ့။

ဒီတော့ လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါ
အရေးအကြီးဆုံးအပိုင်းကတော့
Design လို့မြင်တယ်။

ဆိုင်ကယ်တစ်စီး၊ ကားတစ်စီး၊
အိမ်တစ်အိမ်လို့ လုပ်ငန်းတစ်ခု
လေတိုက်နှုန်း၊ မြေကလျင်ဒဏ်တွေကို
ကြံ့ကြံ့ခံနိုင်ပြီး
မြန်နှုန်းမြင့်ပြေးနိုင်ဖို့ ကိုယ့်လုပ်ငန်းကို
သေချာ ဒီဇိုင်းလုပ်ကြရတယ်။

အမြင်သာဆုံးပြရမယ်ဆို မန္တလေး
BBQ ဆိုင်တချို့အနေနဲ့ Beer ရောင်းရင်
သာမာန်လမ်းဘေးက ဆိုင်လေးတွေထက်
နှစ်ရာ၊ သုံးရာခွာထားခြင်းအားဖြင့်
သူ့မှာ အကင်စားမည့် ဖောက်သည်ကို
စစ်ထုတ်လိုက်တာက မြေပြင်မှာ
ဘီယာစျေးသတ်မှတ်တဲ့ သေးသေးလေးပဲရှိသေးတယ်။

လုပ်ငန်းတစ်ခုကို design လုပ်တဲ့အခါ
ကိုယ့်လုပ်ငန်းရဲ့ business concept အရေးကြီးတယ်။

ဒီ concept development မှာ
လုပ်ငန်းရဲ့ ရှင်သန်ကြီးထွားမှုအပေါ်
အများကြီး သက်ရောက်မှုရှိတယ်။

မက်ဒေါ်နယ်ကို စတင်တည်ထောင်ခဲ့တဲ့
Dick and Mac McDonald ရဲ့လုပ်ငန်းကို
Ray Kroc တွေ့တော့ အခွင့်အလမ်းတစ်ခုကိုမြင်တယ်။
လုပ်ငန်းရဲ့ လည်ပတ်မှု design နဲ့
စီးပွားရေး concept ကိုပြောင်းလိုက်တယ်။
Franchise model နဲ့
ကိုယ်တိုင်ဝန်ဆောင်မှုလုပ် self-service model
ပြောင်းပြီး Franchise ယူချင်တဲ့သူတွေကို
ခလုပ်ဖွင့်ရုံနဲ့ လည်ပတ်လို့ရတဲ့
Turn-key operation ဖြစ်အောင်လုပ်ပေးလိုက်တယ်။
နောက်မဟာဗျူဟာကို စနစ်တကျ ဒီဇိုင်းလုပ်တယ်။
မက်ဒေါ်နယ်လို့ပြောရင် ဘာကာလုပ်ငန်းလုပ်တယ်လို့ထင်တယ်။
တကယ်တော့ မက်ဒေါ်နယ်က
အိမ်ခြံမြေ ကုမ္ပဏီတဲ့။
သူ Franchise ငှားမည့်နေရာကောင်း prime location တွေ
ဝယ်ထားပြီး ပြန်ငှားတယ်။

အလားတူပဲ Starbucks လို့ပြောလိုက်ရင်
ကော်ဖီကုမ္ပဏီလို့ပဲမြင်တယ်။
Starbucks က ဘဏ်ကြီးတစ်ခုလို့ဆိုရမယ်။
ဖောက်သည်တွေက deposit ပေးပြီး
Starbucks ကို အတိုး 0% လည်ပတ်ခိုင်းလို့
The bank that sells coffee လို့တောင်တင်စားတယ်။
ဒါက လုပ်ငန်းတစ်ခုကို မဟာဗျူဟာ ဒီဇိုင်းလုပ်ထားတဲ့ပုံစံ။

ထားပါတော့။
ဒီနေ့ ဖတ်နေတဲ့ စာအုပ်က Customer service design
ဒါဖတ်ရင်းနဲ့ ကိုယ်ပြောချင်နေတဲ့
Business By Design အကြောင်းရေးမိသွားတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​