လုပ်သမျှဖြစ်ချင်ရင်
ဖြစ်သမျှလိုက်မလုပ်ပါနဲ့။
အရေးမပါတာကို
အရာပေးမိတာလောက်
အလုပ်မဖြစ်တာမရှိဘူး။
ဘဝမှာ ရွေးချယ်မှုက
ကြိုးစားမှုထက်ပိုအရေးကြီးပါတယ်။
ဒါကြောင့် ကံ၊ ဥာဏ်၊ ဝိရိယ
တစ်ခုချင်းစီလာတယ်။
နေ့စဥ်မှန်ကန်တဲ့
ရွေးချယ်မှုတွေပြုလုပ်ရတယ်။
မှန်ကန်တဲ့ စိတ်ထား မနောကံ၊
မှန်ကန်တဲ့ အပြောအဆို ဝဇီကံ၊
မှန်ကန်တဲ့လုပ်ဆောင်မှု ကာယံကံ
ကံသုံးပါးကောင်းဖို့လိုတယ်။
သုတမယဉာဏ် (စာပေသင်ကြားမှုမှရရှိသော ဉာဏ်)
စိန္တာမယဉာဏ် (တွေးခေါ်ဆင်ခြင်ခြင်းမှရရှိသော ဉာဏ်)
ဘာဝနာမယဉာဏ် (ကျင့်ကြံအားထုတ်ခြင်းမှရရှိသော ဉာဏ်)
ဥာဏ်သုံးပါးကိုလဲကောင်းအောင်
အားထုတ်ဖို့လိုတယ်။
စံဝရဝိရိယ
မကောင်းမှုဒုစရိုက်များမှ
ရှောင်ကြဉ်ရန် အားထုတ်ခြင်း။
ပဟာနဝိရိယ
ဖြစ်ပျက်နေပြီးသော အကုသိုလ်
လောဘ၊ ဒေါသ၊ မောဟကို
ပယ်ဖျောက်ရန် အားထုတ်ခြင်း။
ဘာဝနာဝိရိယ
ဒါန၊ သီလ၊ ဘာဝနာကိုပွားများဖို့အားထုတ်ခြင်း။
အနုရက္ခဏာဝိရိယ
ရရှိပြီးတဲ့ ကုသိုလ်၊ ပညာ၊ သမာဓိကို
ထိန်းသိမ်းဖို့အားထုတ်ခြင်း။
ဝိရိယလေးပါးကိုလဲကျင့်ဖို့လိုတယ်။
ကံလဲမကောင်း၊
ဥာဏ်လဲမကောင်း၊
ဝိရိယလဲမကောင်းရင်
သံသရာတစ်ကွေ့
ဒီတစ်နေ့ကတော့
တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းနေမှာပဲ။
Phyo Paing @ Derek