ငယ်ငယ်က
ဘဝမှာ တစ်ခုခုဆို မိဘက ကိုယ့်ဖက်မှာ
ရပ်တည်ပေးမည့်အစား
တခြားသူပြောစကားကို ပိုနားထောင်တဲ့
အချိန်တွေရှိမယ်။
ဒါမှ မဟုတ် ကိုယ်တန်ဖိုးထားတဲ့သူ
ချစ်တဲ့သူ၊ အရင်းအနှီးဆုံးလူက
ကိုယ့်စကားအစား တခြားသူတွေစကား
ပိုနားဝင်တဲ့အချိန်တွေ ရှိကောင်းရှိမယ်။
ဒီအချက်တွေက တချို့သူတွေကို
စိတ်ဓာတ်ရေးရာ လုံခြုံမှုကင်းမဲ့စေတယ်။
ဒီအချက်ကြောင့် တချို့ကိစ္စတွေ
အကြောင်းအရာတွေကို
ရေငုံနှုတ်ပိတ်ပြီး နေတတ်တာမျိုး
ဖြစ်လာတတ်တယ်။
မိသားစုနဲ့ တဖြေးဖြေး ဝေးသွားတတ်တယ်။
ကိုယ့်ရဲ့ အတွေးအခေါ်ကို ဖော်ထုတ်ဖို့
Express လုပ်ဖို့ခက်လာတတ်တယ်။
ဒါက အစွမ်းအစကို ပိတ်စေတယ်။
လူတွေ အစွမ်းအစထွက်ဖို့
Freedom to express လုပ်နိုင်ဖို့လိုတယ်။
Freedom to express လုပ်ဖို့
Psychological safety လိုတယ်။
အဲ့ဒီအတွက် နားလည်မှုလိုတယ်။
Phyo Paing @ Derek