Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတစ်မျိုးရှိတယ်။

တခုခုဆို တခြားသူတစ်ယောက်ကို
ပုံအပ် commit လုပ်မှာကြောက်တဲ့သူ။
သူတို့က ဘဝမှာ တစ်ယောက်ယောက်ကြောင့်
နာကျင်ဖူးတယ်။

ငယ်ငယ်က ကိုယ့်လျို့ဝှက်ချက်ကို
အမေ၊ အဖေနဲ့ ယုံကြည်တဲ့သူတွေကို
ပြောပြတဲ့အခါ သူတို့ကတခြားသူတွေကို
ပြန်ပြောပြတဲ့အတွက် သစ္စာဖောက်ခံရတယ်လို့
ခံစားရတတ်တယ်။

ငယ်ငယ်က တစ်ခုခုဆို ရင်ဖွင့်တိုင်ပင်စရာ
လူမရှိဘူး။
ဘေးနားမှာ မိဘနဲ့ အမျိုးတွေရှိပေမယ့်
အားကိုးလို့မရဘူးဆိုတာသိတယ်။

တခါတလေ ကိုယ့်ကိုနားလည်တဲ့သူ
မရှိဘူးဆိုတဲ့ ခံစားချက်တွေခံစားရတတ်တယ်။

Relationship တစ်ခုကို commit လုပ်ပြီး
ပုံအပ်လိုက်ကြမှာ လမ်းဆုံးထင်တတ်ပြီး
ဒါကို ရှောင်လွှားတဲ့ love avoidant တွေ
ဖြစ်သွားတတ်ကြတယ်။

ဒါပေမည့် သူတို့အတွက် နွေးထွေးတဲ့
အရှိကိုအရှိအတိုင်း ဖွင့်ပြလို့ရတဲ့
ကိုယ်ဂုဏ်ယူပြီး လူရှေ့ပြလို့ရလောက်တဲ့
သူနဲ့တွေ့တော့ အပြောင်းအလဲတွေဖြစ်တတ်တယ်။

နောက်ဆုံးတော့လဲ ဖြစ်နေကျ
pattern က looping ပြန်ပတ်တတ်တယ်။

Human Behavior စိတ်ဝင်စားဖို့ကောင်းတယ်။

Phyo Paing @ Derek

Share Your Idea!​