ဒီလိုကြုံဖူးလား။
လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်
သူ့ဆီက ဖုန်းဝင်လာတာမျိုး။
စိတ်ထဲမှာ ဒါလေးဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်
ဖြစ်သွားတာမျိုး။
တစ်ခုခုစဉ်းစားနေတုန်း
ဒီအကြောင်းကို သူငယ်ချင်းကပြောလိုက်သလိုမျိုး။
ကိုယ့်အတွက် ယူနီဗာ့က
လမ်းခင်းပေးထားသလိုမျိုး
အချက်တွေပြတတ်တယ်။
ဒါကို synchronicity လို့ခေါ်ပြီး
စိတ်ပညာရှင် Carl Jung က နာမည်ပေးခဲ့တယ်။
ဒီခံစားမှုမျိုးကို တချို့က
spiritual experience လို့ဆိုတယ်။
မနက်ခေါင်းထဲပေါ်လာတဲ့အရာက
ညနေမှာ ဖြစ်လာသလိုမျိုး။
ဘာလုပ်ရမယ်ဆိုတာ အိမ်မက်ပေးသလိုမျိုး။
ဒီလို အတွေ့အကြုံမျိုးခံစားဖူးလား။
(P.S တချို့က ဒါကို
Confirmation bias လို့ခေါ်ပြီး
တချို့က apophenia
ဘက်လိုက်တွေးလို့ခေါ်တယ်။)
Phyo Paing @ Derek