Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတစ်ယောက်ဘဝရဲ့ အရည်အသွေးက

လူတစ်ယောက်ဘဝရဲ့ အရည်အသွေးက
သူ့အတွေးအခေါ်ရဲ့ အရည်အသွေးနဲ့
တိုက်ရိုက်အချိုးကျတယ်။
လူတစ်ယောက်က တစ်ရက်ကို
အတွေးပေါင်း ၇၀၀၀၀ ပတ်ချာလည်တွေးတယ်။
ပျော်စေတာလဲ ဒီအတွေး၊
စိတ်ဆင်းရဲစေတာလဲ ဒီအတွေး။
တိုးတက်စေတာလဲ ဒီအတွေး၊
ဆုပ်ယုတ်စေတာလဲ ဒီအတွေး။
အတွေးတွေက စိတ်ခံစားချက်၊
အပြုအမူတွေကို လွမ်းမိုးတယ်။

အတွေးဆိုတာ ပြင်ပအမြင်၊ အကြား၊
အနံ့၊ အရသာ၊ အထိအတွေ့ကြောင့်ဖြစ်ပေါ်သလို၊
အတွေးတွေဟာ ဦးနှောက်ထဲက
နယူးရွန်ဆဲလ်တွေ လှုပ်ရှားမှုနဲ့၊
ပတ်ဝန်းကျင်အခြေအနေတွေ၊
မှတ်ဉာဏ်နဲ့ ခံစားချက်တွေကြောင့်
အလိုအလျောက်ပေါ်လာတာပါ။

ဒီအတွေးတွေက စိတ်ကိုလွမ်းမိုးတယ်။
စိတ်ဆိုတာ သိမြင်ခြင်း၊ ခံစားခြင်း၊
စဉ်းစားခြင်း၊ မှတ်မိခြင်း စတဲ့
လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်တဲ့
သိတွေးမှု သဘောတစ်ရပ်ဖြစ်တယ်။

ဗုဒ္ဓက
“စိတ်သည် အရာအားလုံး၏
အရှေ့ဆောင်ဖြစ်သည်။
စိတ်သည် အဓိကဖြစ်သည်။
စိတ်ဖြင့် ဖန်တီးသည်။” လို့
ဓမ္မပါလ မှာ ဟောကြားခဲ့တယ်။

အတွေးကောင်းအောင် လိုတိုရှင်း ၃ ချက်ကတော့
1. အကောင်းမြင်စိတ်ထားပါ
2. အသိပညာတိုးအောင် လေ့လာပါ
3. စိတ်ကိုအေးချမ်းအောင်ထားပါ

Phyo Paing @ Derek

Share Your Idea!​