၁။ လူ
၂။ နေရာ
၃။ အိုင်ဒီယာ
၉ တန်းတုန်းက ဟန်မြင့်မောင်အဆောင်ရောက်တယ်။
ဆရာဂျွန်ဆိုတဲ့ ဆရာနဲ့တွေ့တယ်။
သင်ယူခြင်းနဲ့ အင်္ဂလိပ်စာကို စချစ်ခဲ့တယ်။
ဘဝကို အပြောင်းအလဲကြီးဖြစ်စေခဲ့တယ်။
ဆေးကျောင်းရောက်သွားတယ်။
လူတော်တွေနဲ့တွေ့တယ်။
ပြဿနာအဖြေရှာတဲ့အခါ
သက်သေသာဓကနဲ့ဆုံးဖြတ်ရမယ့်အိုင်ဒီယာရခဲ့တယ်။
၂၀၀၇ မှာ Active Media ခွေဆိုင်မှာ
Tony Robbins ရဲ့ Personal Power II နဲ့
How to Think like Leonardo Da Vin Ci
Audiobook ဝယ်လာတယ်။
ဟာ လောကကြီးကို အဲ့လိုစဥ်းစားတာ
မိုက်လှချည်လား စနားလည်လာတယ်။
ကျောင်းပြီး Apex Business School ရောက်တယ်။
ဆရာကျော်ဇောလင်းနဲ့တွေ့တယ်။
စီးပွားရေးစီမံခန့်ခွဲမှုကို သေချာနားလည်ခဲ့သလို
၂၀၁၃ မှာ ပြန်လည်သင်ကြားခွင့်ရခဲ့တယ်။
ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီရောက်တယ်။
အရမ်းတော်တဲ့ trainer တွေ၊ coach တွေ၊ စနစ်တွေနဲ့တွေ့တယ်။
Professional ဆိုတဲ့ အိုင်ဒီယာကို ကောင်းကောင်းရခဲ့တယ်။
MBA တက်တယ်။
ကောင်မလေးတစ်ယောက်နဲ့တွေ့တော့
မမြင်ဖူးတဲ့ အသိုင်းအဝိုင်းတစ်ခုထဲရောက်သွားတယ်။
အောင်မြင်တဲ့သူတွေဆိုတာ
ကိုယ့်အလုပ်ကိုယ်အဓိကအာရုံစိုက်ကြတယ်။
Mind Your Own Business (MYOB) ဆိုတာသိလာတယ်။
ကွန်ကျိုးကဖုန်းဆိုင်ဖွင့်တဲ့တရုတ်မနဲ့စကားပြောဖြစ်တယ်။
အလုပ်ထွက်ပြီး ဆိုင်စဖွင့်တယ်။
စွန့်ဦးတီထွင်မှုဆိုတဲ့ အသိကို နှလုံးသားနဲ့နားလည်လာတယ်။
Eben Pagan ရဲ့စာအုပ်လေးကို online မှာတွေ့တယ်။
ဒီဂျစ်တယ်ထုတ်ကုန်နဲ့ သန်း ၁၀၀ ရှာထားတာဖတ်ရတယ်။
Apple Store ကိုသူပြတယ်။
လူတွေဖုန်းသုံးလာရင် content is cash ဖြစ်လာမယ်။
ဒီဂျစ်တယ်ထုတ်ကုန်တွေက ငွေရှာလို့ရတယ်စသိလာတယ်။
Seth Godin နဲ့ New York မှာသွားတွေ့တယ်။
လက်ဆွဲနှုတ်ဆက်စကားပြောရင်း
သူ့ရဲ့စဥ်းစားပုံကို စမြင်ခဲ့တယ်။
သူ့ရဲ့အတွေးအခေါ်တစ်ခုကို
philosophize လုပ်တဲ့ပုံစံ၊
ကမ္ဘာ့အရောင်းရဆုံးစာအုပ်ပေါင်းများစွာထုတ်ထားပုံကို
ကောင်းကောင်းသိလိုက်တယ်။
အဲ့လိုအကြောင်းအရာတွေ ထိုင်ရေးနေရင်တော့
ပြီးတော့မှာ မဟုတ်ဘူး။
ကျွန်တော့်ဘဝကို case study လုပ်ပြန်ကြည့်ရင်
လူတွေကို အပြောင်းအလဲဖြစ်စေတာ
၁။ လူ
၂။ နေရာ
၃။ အိုင်ဒီယာ
Phyo Paing @ Derek