အတိတ်မေ့ amnesia ဖြစ်သွားခဲ့ရင်
သူ့ရဲ့အမူအကျင့်တွေ ပုံစံပြောင်းသွားနိုင်တယ်။
လောကကိုမြင်တဲ့ အထင်အမြင်
ပေါင်းသင်းဆက်ဆံတဲ့ပုံစံ
ပြုမူတဲ့ပုံစံတွေ အကုန်ပြောင်းသွားနိုင်တယ်။
ကျွန်တော့်ဘဝမှာ ကိုယ့်ကိုကိုယ်
၂ ခါ ကိုယ်ရည်ကိုယ်သွေးပြောင်းဖူးတယ်။
တက္ကသိုလ်တက်ကတည်းက သိတဲ့
သူငယ်ချင်းတွေဆိုရင် ၂၀၁၅ မှာတစ်ခါ
ကိုယ်ရည်ကိုယ်သွေးအကြီးအကျယ်
ပြောင်းလဲခဲ့တာတွေ့ရလိမ့်မယ်။
ဒုတိယတစ်ကြိမ်က ၂၀၂၁ အောက်တိုဘာလမှာ
စပြီး ကိုယ်ရည်ကိုယ်သွေးအသစ်
ပြန်ဒီဇိုင်းလုပ်ခဲ့တယ်။
ဒီလို ကိုယ်ရည်ကိုယ်သွေးအသစ်
ပြန်ဒီဇိုင်းလုပ်ဖို့ ကိုယ်ဘယ်သူလဲဆိုတဲ့ identity
နောက်လောကကိုမြင်တဲ့အမြင် perception
အယူအဆအတွေးအခေါ် philsophy
ယုံကြည်မှု belief တွေ
အပြောင်းအလဲအများကြီးလုပ်ရတယ်။
အရေးအကြီးဆုံးအချက်က
ကိုယ့်ရဲ့ အတိတ်ကမှတ်မိနေတဲ့
ခံစားချက်နဲ့အတွေးအခေါ်တွေကိုမေ့ရတယ်။
ဥပမာ အားနာတတ်တဲ့ ခံစားချက်ကို
မေ့အောင်လုပ်ရတယ်။
ကိုယ့်ကိုကိုယ် ဒုက္ခရောက်ခံပြီး
သူများကို သနားတတ်တဲ့ခံစားချက်ကို
မေ့အောင်လုပ်ရတယ်။
နောက်ခံစားချက်အသစ်တွေဖြစ်တဲ့
တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်တာ၊
ပြတ်သားကြမ်းတမ်းတဲ့ခံစားချက်၊
စမ်းသပ်မှုတွေလုပ်ပြီးရင်ခုန်တဲ့ခံစားချက်ပြန်ထည့်တယ်။
Breaking the habits of being yourself ကို
2013 မှာဖတ်ပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။
Identity by Design သင်တန်းကို 2018 မှာ
Dr. David Snyder ဆီကတက်ခဲ့တယ်။
ကိုယ့်ကိုကိုယ်ကတော့ Personality by Design
ဆိုပြီး အတွေ့အကြုံတွေနဲ့ framework ထုတ်ထားတယ်။
Motivation သင်တန်းတွေတက်ပြီး
ဝူးဝူးဝါးဝါးအော်ရုံနဲ့
အပြောင်းအလဲက ခဏပဲခံတာ
သိပြီးသားဖြစ်မှာပါ။
ကျွန်တော်ကတော့ ကိုယ်တိုင် ရလဒ်မရတဲ့
သီအိုရီတွေကို မယုံဘူး။
Phyo Paing @ Derek