ဘယ်သူတွေ ရှိသလဲဆိုတာ အရေးကြီးတယ်။
Liu Bang ဆိုတာ တရုတ်သမိုင်းမှာ
Han မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘုရင်။
သူက မူလက တောသားလေးတစ်ယောက်ပဲ။
ပညာတတ်လည်း မဟုတ်ဘူး။
စစ်ပညာလည်း သိပ်မတတ်ဘူး။
ဒါပေမယ့် တရုတ်နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်ခဲ့တယ်။
ဘာကြောင့်လဲ။
သူ့မှာ ဉာဏ်ရှိတဲ့သူတွေကို နားထောင်တတ်တဲ့စိတ်ရှိတယ်။
အထူးသဖြင့် သူ့မိန်းမ Lü Zhi။
Liu Bang ဘုရင်ဖြစ်ပြီးတဲ့နောက်
သူ့ရဲ့ မိဖုရား Lü Zhi ကို လျစ်လျူရှုလာတယ်။
အသစ်ရတဲ့ မယားငယ် Consort Qi ကို ပိုချစ်လာတယ်။
မယားငယ်ရဲ့သားကို သားဦးအစား အမွေဆက်ခံခိုင်းချင်လာတယ်။
နန်းတွင်းရေးမှာ ဒါက သေရေးရှင်ရေးပဲ။
အမွေဆက်မရရင် သားအမိနှစ်ယောက်လုံး အသက်မရှင်ရတော့တတ်တာ သမိုင်းထဲမှာ အများကြီး။
Lü Zhi ဘာလုပ်လဲ။
ငိုမနေဘူး။
တောင်းပန်မနေဘူး။
strategy ရှာတယ်။
သူ ဘုရင့်ထံ တိုက်ရိုက်မသွားဘူး။
Zhang Liang ဆိုတဲ့ ဗျူဟာရှင်ကြီးဆီ သွားတယ်။
Zhang Liang က Liu Bang ကို ဘုရင်ဖြစ်အောင် ကူညီခဲ့တဲ့သူ။
ဘုရင်က သူ့စကားကို နားထောင်တယ်။
Zhang Liang က Lü Zhi ကို နည်းပေးတယ်။
“ဘုရင်က ကြာပြီ ဖိတ်နေပေမယ့် ဘယ်တော့မှ မလာတဲ့
တောင်ပေါ်က ပညာရှိကြီး လေးယောက်ရှိတယ်။
သူတို့ကို သားဦးဘက်မှာ ရပ်တည်ခိုင်းလိုက်။”
Lü Zhi က ဒီပညာရှိလေးယောက်ကို ဖိတ်ခေါ်နိုင်ခဲ့တယ်။
တစ်နေ့
ဘုရင်က သားဦးနဲ့အတူ ပညာရှိလေးယောက်ကို မြင်လိုက်တယ်။
ဘုရင် အံ့သြသွားတယ်။
ဒီလူကြီးလေးယောက်က သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့ပေမယ့်
ဘယ်တော့မှ မလာခဲ့တဲ့သူတွေ။
အခု သားဦးနောက်မှာ ရပ်နေတယ်။
ဘုရင်က မယားငယ်ကို ပြောတယ်။
“ငါ သားဦးကို ဖြုတ်ချင်ပေမယ့် မရတော့ဘူး။
သူ့နောက်မှာ ဒီလူတွေ ရပ်နေပြီ။
Lü Zhi က တကယ့် အရှင်သခင်ပဲ။”
Lü Zhi က ဘာကြောင့် အနိုင်ရတာလဲ။
ငိုကြွေးပြီး သနားခိုင်းတာ မဟုတ်ဘူး။
ဒေါသထွက်ပြီး ရန်ဖြစ်တာ မဟုတ်ဘူး။
ဘယ်သူ့ကို သွားတွေ့ရမလဲ၊
ဘယ်လိုပြောရမလဲ၊
ဘယ်သူတွေကို ကိုယ့်ဘက်ပါအောင် လုပ်ရမလဲ
strategy ချတယ်။
ဘဝမှာ ပြဿနာကြုံတိုင်း
ခံစားချက်နဲ့ တုံ့ပြန်မလား၊
ဗျူဟာနဲ့ တုံ့ပြန်မလား။
ဒီနှစ်ခုပေါ် မူတည်ပြီး ရလဒ်မတူဘူး။
Phyo Paing @ Derek