Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။

အာရုံထွေပြားအောင်
သတင်းတုတွေနဲ့လုပ်တယ်။
တစ်ခုတည်းပေါ်
အာရုံမစိုက်နိုင်အောင်
အပျော်အပါးတွေနဲ့ ဖြားယောင်းတယ်။
သမာဓိမရှိ
စူးစိုက်မှုတွေ ပျောက်အောင်
ဒေါသတွေ နဲ့ နှိုးဆွတယ်။
တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။

တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့
ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။
ကိုယ့်မိသားစု ကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။

ဒီနေ့လို လောကကြီးမှာ
အကြည်ဓာတ်ပျောက်ဖို့လွယ်တယ်။
အာရုံတွေထွေပြားဝေဝါးဖို့လွယ်တယ်။
အာရုံစူးစိုက်အလုပ် လုပ်နိုင်ဖို့ ခက်တယ်။
လက်လျော့လိုက်ဖို့လွယ်တယ်။
အချိန်ဆွဲဖို့လွယ်တယ်။
စည်းကမ်းရှိပြီး
အခြေအနေဘယ်လိုဖြစ်နေပါစေ
နည်းလမ်းရှာပြီး
စည်းကမ်းရှိရှိ ဆက်သွားဖို့ခက်တယ်။

အများဆုံးနေတဲ့နေရာက
comment ထဲက အပုပ်နံ့ပြင်းတဲ့နေရာ
မဖြစ်ဖို့လိုနိုင်တယ်။

ဒီနေ့ခေတ် ၁၀၀ ဘီလီယံဆဲလ်ရှိတဲ့
ဦးနှောက်ကို မသုံးတတ်ရင်
ပိုခက်မယ်။

အတွေးသိမ်၊ အမြင်သိမ်၊
မေးခွန်းမေးတာမှား၊
အယူအဆမှား၊
ယုံကြည်မှုမှား၊
အားကျစရာကို ဟားတိုက်၊
အားနေအပြစ်ပြော၊
အနာလို တိုက်ခိုက်နဲ့
ကောင်းမွန်တဲ့ ဘဝ၊
တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်
ဘဝတည်ဆောက်ဖို့ မလွယ်နိုင်ဘူး။

ဗုဒ္ဓအဆုံးအမ၊
ဆရာသမားတွေ ရဲ့အဆုံးအမ၊
ပျက်စီးယိုယွင်းနေနဲ့ ပတ်ဝန်းကျင်မှာ
ပတ်ဝန်းကျင်ထက်ပိုကြီးအောင်
စဥ်းစားနိုင်ဖို့ အားဖြစ်စေတဲ့
အိုင်ဒီယာတွေ၊
ပညာရှင်တွေ၊
လူတော်တွေ၊
တန်ဖိုးရှိတဲ့သူတွေကို ကျေးဇူးတင်မိတယ်။

လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။

Phyo Paing @ Derek

Share Your Idea!​