လုပ်ငန်းစတင်တဲ့အချိန်တုန်းက
Customer is King တို့
Queen တို့တွေနဲ့ ရင်းနှီးနဲ့လာတော့
လူတိုင်းရဲ့ အလိုကိုဖြည့်ဆည်းချင်ခဲ့တယ်။
လူ့အလို နတ်တောင်မလိုက်နိုင်တာ
ကိုယ်လဲ လူတိုင်းရဲ့အလိုကို
လိုက်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် marketing မှာ
ဒီနောက်ပိုင်း ဆိုရိုးစကားတစ်ခုလိုဖြစ်လာတာ
Choose your clients, Choose your future ပါ။
ပြောတဲ့သူက Seth Godin.
ဘူကောင်တွေကို serve လုပ်ပြီး
အကြည်ဓာတ် ရှိဖို့ မစဉ်းစားနဲ့။
ဘူကောင်တွေက အမြဲနှိုင်းယှဉ်နေတတ်
ကိုယ့်ဘဝကို စိတ်တိုင်းမကျတတ်တဲ့အတွက်
ဘယ်သူတွေကို service ပေးမလဲ
သေချာရွေးချယ်တတ်ဖို့ ပညာဖြစ်လာတယ်။
လူတိုင်းကိုယ် customer မဟုတ်တာနားလည်ပါ။
လူတိုင်းကို မရောင်းပါနဲ့။
လူတိုင်းရဲ့ အလို ဆန္ဒကို ဖြည့်ဆည်းဖို့
မကြိုးစားပါနဲ့။
Phyo Paing @ Derek