လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့
သံသရာခရီး ဖြတ်သန်းနေကြတာပဲ။
လူတွေကို နားလည်ရင်
အငြင်းမသန်တော့ဘူး။
လူတွေကို နားလည်ရင်
ကိုယ်ချင်းစာတတ်လာမယ်။
လူတွေနဲ့ သံသရာကို နားလည်ဖို့
မှန်ကန်တဲ့ အမြင်ရှိရမယ်။
မှန်ကန်တဲ့အမြင်ဆိုတာ
ဖြစ်ပြီးပျက်မယ်။
ပျက်ပြီး ပြန်ဖြစ်မယ်။
ဘဝမှာ လိုချင်တာတွေလဲဖြစ်မယ်။
မလိုချင်မဖြစ်ချင်တာတွေလဲဖြစ်မယ်။
ဘဝကို သုညနဲ့ စပြီး
သုညနဲ့ဆုံးတယ်။
Phyo Paing @ Derek