ကိုယ့်ဘဝရဲ့ လိုချင်တာတွေကို
စိတ်ထည့်ပြီးတကယ်လုပ်ရင်
ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့
အတွေးက အလိုလိုမဖြစ်လာဘူး။
အလေ့အကျင့်လိုတယ်။
စာမေးပွဲမှာ ဂုဏ်ထူးထွက်
အမှတ်ကောင်းချင်တာဖြစ်ဖြစ်၊
ခန္ဓာကိုယ်ပုံစံအပြောင်းအလဲဖြစ်ချင်တာဖြစ်ဖြစ်၊
ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်
ပြောတတ်ချင်တာဖြစ်ဖြစ်၊
လိုချင်တာရဖို့ပဲဖြစ်ဖြစ်၊
ငွေကြေးပမာဏတစ်ခုရချင်တာဖြစ်ဖြစ်၊
ကိုယ်လိုချင်တဲ့အချစ်ရေး၊
အသက်မွေးဝမ်းကြောင်း၊
ကိုယ်လိုချင်တဲ့ ဘဝပုံစံရချင်တာဖြစ်ဖြစ်
တစ်ကိုယ်ရည် လိုချင်တာရဖို့
ကိုယ်နဲ့ပဲဆိုင်တယ်။
လူတိုင်းက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝကိုပဲရမှာပဲ။
အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ပေါ်မူတည်ပြီး
အရှုံးအမြတ်ကို အဆုံးအဖြတ်ပေးသွားမှာ။
ကံဆိုတာ အလုပ်၊
အလုပ်ဆိုတာ အကြံအစီကလာတယ်။
အကြံအစီဆိုတာ အတွေးကလာတယ်။
ဒါကြောင့် ကိုယ့်အတွေး၊ အကြံ၊ အလုပ်ကို
ကိုယ်တိုင် ထိန်းချုပ်နိုင်အောင်
ကိုယ့်စိတ်ကို
နေ့စဥ် လေ့ကျင့်ပေးနေရတယ်။
Phyo Paing @ Derek