လူတိုင်း သင်ယူခြင်းကို
အကောင်းဆုံးပြုလုပ်ခြင်း
learning how to learn ကို
မလေ့လာဖူးဘူး။
စာဖတ်တတ်တဲ့သူတိုင်း စာဖတ်ဖူးတယ်။
လူတိုင်းစာဖတ်မြန်နည်း
speed-reading ကို မလေ့လာဖူးဘူး။
လူတိုင်းသိလိုက်သည်ဖြစ်စေ
မသိလိုက်သည်ဖြစ်စေ
တွေးတယ်။
ဒါပေမယ့် စနစ်တကျဘယ်လိုတွေးရမလဲ
thinking skill ကို သင်ကြားဖူးတဲ့သူမများဘူး။
လူတိုင်းစကားပြော၊ စာရေး၊ လူရှေ့စကားပြော
ဆက်သွယ်ပြောဆိုနေကြတယ်။
ဒါပေမယ့် လူတိုင်း
အကောင်းဆုံးဘယ်လိုဆက်သွယ်ရမလဲ
မလေ့လာဖူးကြဘူး။
လူတိုင်းအချိန်ကို အသုံးပြုကြတယ်။
လူတိုင်းအချိန်ကို အကောင်းဆုံး
ဘယ်လိုအသုံးပြုရမလဲ
မလေ့လာဖူးကြဘူး။
လူတိုင်းကိုယ့်ရဲ့စိတ်နဲ့ကိုယ်ကို
ထိန်းကျောင်းရတယ်။
လူတိုင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊
စိတ်အခြေအနေကိုပြန်လည်မလေ့လာဖြစ်ဘူး။
လူတိုင်းစားကြတယ်။
အစားအသောက်ကို ကိုယ့်အတွက်ဖြစ်အောင်
အာဟာရဖြစ်အောင်
မလေ့လာဖူးကြဘူး။
ကိုယ်နားမလည်တဲ့အရာတစ်ခုကပဲ
ကိုယ့်ကို ဒုက္ခပေးတာ။
မကြာသင့်ပဲအချိန်တွေကြာနေစေတာ။
နည်းနည်းလုပ် များများရဖို့
သင်ယူလေ့လာမှုပြုကြတယ်။
စစ်မှန်တဲ့ သင်ယူလေ့လာမှုမပြုရင်
များများလုပ်ပြီး နည်းနည်းပဲရနေမှာ။
Phyo Paing @ Derek