လူတိုင်းဘဝမှာ အကွေ့တွေရှိတယ်။
အဲ့ဒီ အကွေ့က
အတက်လမ်းဖြစ်နိုင်သလို၊
အဆင်းလမ်းဖြစ်နိုင်တယ်။
ဘဝမှာ
လူ၊ နေရာ၊ အလုပ်၊ အဖြစ်အပျက်၊
အခွင့်အလမ်းအသစ်တွေနဲ့တွေ့တဲ့
အကွေ့တွေကို သတိနဲ့
အသုံးချနိုင်ရင်
ဘဝက နောက်တစ်ဆင့်
ရောက်သွားနိုင်တယ်။
ပိုဆိုးနိုင်သလို၊ ပိုကောင်းနိုင်တယ်။
အကွေ့တိုင်းကို ဂရုစိုက်ဖို့လိုတယ်။
အခုကတော့ ကမ္ဘာကြီးကတော့
အေအိုင်အကွေ့မှာ။
ကိုယ့်ပါဆန်နယ်အတွက်
ကျန်းမာရေး၊ ချမ်းသာရေး၊
အချစ်အိမ်ထောင်၊ စီးပွါး၊ အသိုင်းအဝိုင်း
အကွေ့တွေကို သတိပြုဖို့လိုတတ်တယ်။
Phyo Paing @ Derek