တစ်နာရီကုန်သွားတိုင်း
တစ်နာရီထက် ပိုတာပြန်ရမလား။
လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီး
ဘယ်လိုအသုံးချမလဲဆိုတာ
အရေးအကြီးဆုံးပဲ။
အချိန်တစ်နာရီကို အကျိုးမရှိတဲ့
အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။
အချိန် တစ်နာရီကို
ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။
ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။
ဒီဘဝအတွက်ဆို လောကီ။
သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။
ဒါက လောကုတ္တရာ။
ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာ
လူတွေပိုင်ဆိုင်တာ “အချိန်”။
တချို့ အချိန်ကို မပိုင်ဘူး။
ထမင်းစားဖို့။
မိသားစုအရေး။
ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။
ဒါကိုပြောင်းပြန်လှန်ဖို့
အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။
ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းက
အနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။
ဒါကတော့ ကျွန်တော်ခံယူထားတဲ့
အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။
ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။
အိပ်စက်လို့ပိုကောင်းပြီး
ကျန်းမာအသက်ရှည်တဲ့အတွက်
အနာဂတ်အချိန်ပိုထွက်လာမယ်။
နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့
အနာဂတ်အချိန်ခြွေတာနိုင်မယ်။
လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာ
ကိုယ့်အချိန်ကိုယ်မပိုင်ရင်
ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။
တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊
တစ်လ၊ တစ်နှစ်၊ တစ်သက်သာကို
ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။
နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။
အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။
ပန်းကောင်းပန်းမံအတွက်
သေချာစိုက်ပျိုးဖို့လိုတတ်တယ်။
Phyo Paing @ Derek