လူတိုင်းမှာ မွေးရာပါ ပါရမီရှိတယ်။
တချို့တွေက စကားပြောကောင်းတယ်။
တချို့တွေက ဥာဏ်အထူးကောင်းတယ်။
တချို့က စျေးရောင်းတော်တယ်။
တချို့က အတွက်အချက်ကျွမ်းတယ်။
တချို့က လူတွေကို ဦးဆောင်တတ်တယ်။
တချို့က နားထောင်ပေးတတ်တယ်။
တချို့က ဖန်တီးနိုင်တယ်။
တချို့က ထိန်းချုပ်နိုင်တယ်။
လူတိုင်းမှာ ပျိုးထောင်လို့ရတဲ့
ကျွမ်းကျင်မှုတွေရှိတယ်။
စာရေးတာ။
လူရှေ့သူရှေ့စကားထွက်ပြောတာ။
ကိုယ့်အတွေးအခေါ်ကို ဗီဒီယိုရိုက်တာ။
ဦးဆောင်တာ။
ပေါင်းသင်းဆက်ဆံတာ။
မွေးရာပါ အားသာချက်တွေနဲ့
ပြုစုပျိုးထောင်တဲ့ကျွမ်းကျင်မှုတွေ
nature နဲ့ nurture ပေါင်းစပ်ပြီး
ဘဝရဲ့ အောင်နိုင်ရေးဖော်မြူလာ
winning formula တည်ဆောက်လို့ရနိုင်တယ်။
Phyo Paing @ Derek