သေချာတာ တစ်ခုက အိမ်မက်တွေက
ထိုင်နေရုံနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ 
နောက်တစ်ခုက ကိုယ့်အိမ်မက်တွေက
ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။ 
နေရာတစ်ခု၊ လူတစ်ယောက်ကြောင့်
ပျက်သွားတယ်ဆိုတဲ့ စိတ်ဓာတ်
ဘယ်တော့မှ မထည့်လိုက်နဲ့။ 
နေရာတစ်ခုမှာ ကိုယ့်အိမ်မက်မဖြစ်နိုင်တော့ရင်
နောက်နေရာတစ်ခု ပြောင်းလို့ရတယ်။
ကိုယ်က သစ်ပင်မှမဟုတ်တာ။ 
လူတစ်ယောက်ကကြောင့် တိုင်ပတ်သွားရင်
နောက်အဲ့လိုမဖြစ်အောင် အဲ့က သင်ခန်းစာယူ 
ရှေ့ဆက် လိမ့်နေမှ ရလိမ့်မယ်။ 
နည်းလမ်းဆိုတာ ရှာရင်ရမှာပဲ။ 
ကိုယ်ဘယ်လောက်စိတ်ရှည်တယ်၊
အားစိုက်တယ်၊ ကြိုးစားတယ်နဲ့ဆိုင်တယ်။ 
Phyo Paing @ Derek